'မာန်..စောင့်နေတာကြာပြီလား...'နောက်ကျောဘက်မှ အသံကြောင့် မာန် လှည့်ကြည့်သည်။ နေက အိမ်နေရင်းပုံစံဖြင့် ထလာခဲ့ဟန်တူ၏။ ဂါဝန်ပွပွလေးပဲဝတ်ထားပြီး ပြင်ဆင်ခြယ်သခြင်းကင်းသည့်မျက်နှာလေးက ဆံပင်တွေကိုစည်းနှောင်ထားသဖြင့် ပြောင်ထင်းရှင်းလင်းနေသည်။ လည်ကုပ်စပ်မှ နေစက်ဝန်းပုံစံ တက်တူးလေးကို ထင်ရှားစွာမြင်နေရ၏။ သူမ ဘာမှပြင်ဆင်မလာဘဲ ဖိုသီဖတ်သီပုံစံဖြစ်နေခြင်းကပဲ လှပကြွရွစွာလိမ်းခြယ်ထားသည့် ကိုယ့်ကို တမင်ဒေါက်ဖြုတ်နေသကဲ့သို့ရှိ၏။
ထို့ပြင် နေစက်ကွင်းနှင့်ချွပ်စွပ်တူလွန်းသော မျက်နှာအမူအရာတွေကို အခုတော့ မရှုစိမ့်နိုင်တော့ပါ။ ကိုယ့်အိပ်မက်ထဲ စိတ်ကူးယဥ်ရုံမျှသာ တမ်းတခဲ့ရသော နေစက်ကွင်း၏ ဂရုစိုက်မှု၊ နူးညံ့ကြင်နာမှုအားလုံးကို ထိုသူမတစ်ယောက်တည်းကသာ လက်ခံရရှိနေပြန်သည်။ စက်နှင့်နေ ဆိုသည့်နှစ်ယောက်၏ သူငယ်ချင်းလောက်မက၊ ချစ်သူလောက်မကျ ဆက်ဆံရေးကို ဒီ့ထက်ပိုပြီး သည်းမခံနိုင်တော့ပါ။
'မကြာသေးပါဘူး bae...ထိုင်ဦးလေ..'
မာန့်အသံက နွေးထွေးမှုနည်းနေသည်ဟု နေ ခံစားမိလိုက်သည်။ မျက်နှာကလည်း ခါတိုင်းလိုမဟုတ်ဘဲ အပြုံးအရယ်မဲ့နေ၏။
'မာန်..မျက်နှာလည်းမကောင်းပါလား... နေမကောင်းဘူးလား..'
နေက မာန့်မျက်နှာကို သေချာအကဲခတ်၍ မေးသည်။ မာန်က ခေါင်းခါ၏။
'ဘာမှမဖြစ်ဘူး bae.. ဘာနဲ့လာတာလဲ..ကိုက baeကားကြောက်တတ်တဲ့အကြောင်း ပြောဖူးလို့..'
'Taxiနဲ့လာတာ မာန်.. သူ မသိဘူး၊ သူ့ကိုသွားမပြောနဲ့နော်..'
နေက မာန့်ကိုပါ နှုတ်ပိတ်ဖုံးဖိခိုင်းနေသေးသည်။ မာန်က မပွင့်တပွင့် ပြုံးလျက်..
'baeကို မာန် ပြောစရာရှိလို့ခေါ်တာ... ရှေ့မျက်နှာ နောက်ထားပြီး အားမနာတမ်းပြောရမှာပဲ..'
'အင်း..ပြောလေ မာန်..'
'baeနဲ့ကိုတို့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ...'
'ဟင်..'
မာန့်မေးခွန်းကြောင့် နေ ဟင်ခနဲဖြစ်သွားသည်။ မာန့်အကြည့်တွေ တစ်မျိုးဖြစ်နေတာကိုလည်း သဘောပေါက်သလိုရှိလာကာ..
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...