🌻အခန်း(၄၄)🌻

23.3K 625 55
                                    

'နေ.. နိုးလာပြီလား.."

နေ့မျက်လုံးလေးတွေ ပွင့်နေသဖြင့် သူ ဝမ်းသာအားရခေါ်သည်။ သို့သော် သူမက မျက်လုံးဝိုင်းလေးများနှင့်ကြောင်ငေးကြည့်နေခဲ့ပြီး...

'နင်က ဘယ်သူလဲ...'

'ဟင်...'

သူ့ကိုတစ်ခါမှမမြင်ဖူးခဲ့သလိုမျိုး မျက်ခုံးလေးတွန့်ကွေး၍ ကြည့်နေပုံက စိမ်းကားလှသည်။ သူ နေ့မျက်နှာနှင့်နီးကပ်သွားသည်အထိ ရှေ့တိုးလာကာ...

'ငါ ကင်းလေ နေ..'

'ဘယ်က ကင်းလဲ...'

'နေ့... ငါ့ကိုမမှတ်မိဘူးလားကွာ... အဲလိုကြီး မေ့ချင်ယောင်ဆောင်ပြီး မကျီစားပါနဲ့.. ငါ တစ်ညလုံးစိတ်ပူနေခဲ့တာ..'

'နင် ဘယ်သူလဲ ငါမသိပါဘူးဆို.. ငါ ဒီကိုဘယ်လိုရောက်နေတာလဲ၊ ဒါ ဘယ်နေရာလဲ...'

နေက သူ့ကိုနားမလည်ဟန်ဖြင့်မေးရင်း တစ်ခန်းလုံးကိုဝေ့ဝဲကြည့်သည်။ သူ နေ့ဆံပင်လေးတွေကိုတစ်ချက်သပ်လာတော့ သူမက သူ့လက်ကိုဖယ်ချပစ်၏။ သူ့မျက်နှာတစ်ချက်ပျက်သွားပြီးမှ...

'နေ...ငါ့ကိုထပ်ပြီးမကျီစားနဲ့တော့နော်... ဒီနေ့ငါတို့နှစ်ယောက်ရဲ့မွေးနေ့လေ.. ငါ Happy Birthdayလုပ်ဖို့ နင် နိုးလာမယ့်အချိန်ကိုစောင့်နေတာ... ဒီမှာ မွေးနေ့ကိတ်တောင်ယူလာပြီ.. နင်နဲ့ငါ့ရဲ့ favorite နေကြာပန်းလေးနဲ့လေ... မလှဘူးလား...'

သူက စားပွဲပေါ်မှ နေကြာပန်းပုံမွေးနေ့ကိတ်လေးကို နေ့ရှေ့ယူလာသည်။

'နေ...ငါတို့ ၁၆နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ Happy Birthday ဆိုရအောင်..'

သူ ဆက်တိုက်ပြောနေပေမဲ့ သူမက အေးစက်စက်မျက်နှာလေးနှင့်နှုတ်ဆိတ်နေဆဲ။

'နေကရော ဘယ်သူလဲ...'

'နေ့... နင် အတော်လွန်လာပြီနော်... ငါ စတာနောက်တာ မကြိုက်မှန်း နင်သိတယ်မို့လား...'

သူ့မျက်နှာမှာ အပြုံးတွေ ပျောက်ကွယ်ကုန်လျက် ခပ်တင်းတင်းမေးလိုက်ပြီးမှ အသက်မဲ့သလိုပြူးကြောင်နေသည့်မျက်ဝန်းလေးများကြောင့် တုန်လှုပ်သွားကာ...

'နေ.. နင်..နင် ငါ့ကိုတကယ်မမှတ်မိတော့တာလား.. ငါ ကင်းလေကွာ...'

သူ နေ့ပါးပြင်လေးကိုလှုပ်၍ တတွတ်တွတ်မေးနေပေမဲ့ ထိုမျက်ဝန်းလေးများကတော့...

☀️The Will Of The Heart🌻Where stories live. Discover now