'ဒက်ဒီ့ကို ဒူဘိုင်းဆေးရုံလွှဲလိုက်မှထင်တယ်..ဒီမှာ မလုံခြုံဘူးလို့ခံစားရတယ်..'
'ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါဦး မောင်ဈာန်... ကိုယ်နဲ့ဝေးနေမှ အခြေအနေပိုဆိုးသွားတာမျိုးတွေလည်း ဖြစ်တတ်တော့ ဦးလင်းဆန္ဒကတော့ မလွှဲစေချင်ဘူး...'
ဦးလင်းမာန်စကားကြောင့် သူ တွေးတွေးငေးငေးဖြစ်သွားသည်။ နေစက်ကွင်းဘက်က ဘာမှမလှုပ်ရှားသေးဘဲ ငြိမ်နေတာကြာပြီ။ ထိုကဲ့သို့ငြိမ်နေခြင်းကပင် သူ့ကို စိတ်ထင့်စေ၏။ ထိုသူ၏နောက်ကြောင်းရာဇဝင်ကိုလည်း စုံစမ်းလို့မရသေး။ ကုန်သည်ပွဲတော်ညက အဖြစ်အပျက်နောက်ပိုင်း နေစက်ကွင်းနှင့်သူ ထိပ်တိုက်မဆုံရသေးပါ။ ထိုလူ့ဘက်က သူနှင့်ထိပ်တိုက်ဆုံလာမည့်အရေးကို တမင်ရှောင်နေသလားတော့ မသိချေ။
Royal၏ရှယ်ယာစျေးက ပြန်ငြိမ်သွားပြီ။ ဒီအရှိန်ကို ဆက်ထိန်းထားရင်း နေစက်ကွင်းကို နောက်ကြောင်းလိုက်၍စောင့်ကြည့်ဖို့လည်း လိုနေပြီ။
'ကျွန်တော်ကတော့ ဒက်ဒီ့ကိုဒီမှာထက် တခြားနိုင်ငံမှာပို့လိုက်တာ ပိုပြီးစိတ်ချရမယ်လို့ထင်တယ်၊ ဒက်ဒီက အကြောတွေသေသွားပေမဲ့ အသက်ရှိနေသေးတော့ လုပ်ကြံချင်တဲ့သူက အချိန်မရွေးလာနိုင်သေးတယ်..'
'အဲဒါလည်း ဟုတ်တာပဲ...မောင်ဈာန် ကောင်းသလိုသာစီစဥ်ပါ..'
ဦးလင်းမာန် ထပ်၍မကန့်ကွက်တော့ပါ။ သမီးကြောင့် ဈာန်ရဲကိုအားနာစရာ၊မျက်နှာပူစရာကိစ္စတွေရှိထားခဲ့သည်မို့ ဈာန်ရဲနှင့်အခုလို ဆက်ဆံရေးပြေလည်နေသေးတာကိုပဲ ကျေးဇူးတင်ရမလိုပင်။
'ဒါနဲ့ဦးလင်း..သင်္ခယာနယ်မြေကို ဦးလင်းမှတ်မိလား...'
'သင်္ခယာနယ်မြေက...မောင်သတိုး ဆုံးသွားခဲ့တဲ့နေရာမို့လား..'
'အင်း...ကျွန်တော် ဘာရယ်ကြောင့်မှန်းမသိ ဒီရက်ပိုင်းထဲ အဲဒီ့နေရာဘက်ကိုစိတ်ရောက်နေတယ်ဗျာ...'
ဈာန်ရဲ ဒါရိုက်တာအစည်းအဝေးအတွက် ဦးလင်းမာန်ကိုလွှဲထားခဲ့ပြီး ထိုသင်္ခယာနယ်မြေဘက်သို့ ကားကိုဦးတည်မောင်းခဲ့သည်။ ငယ်စဥ်က တစ်ခါပဲရောက်ဖူးခဲ့သော ထိုသင်္ခယာနယ်မြေသည် ရန်ကုန်-ပဲခူး ဟိုင်းဝေးလမ်းမကြီးနှင့် မလှမ်းမကမ်းနေရာမှာ တည်ရှိသည်ဟုသာ မှတ်မိခဲ့ပြီး အခု ဒုတိယအကြိမ်ပြန်သွားဖို့အတွက်တော့ လမ်းက စမ်းတဝါးဝါးဖြစ်နေသည်။
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...