🌻အခန်း(၄၃)🌻

24.4K 672 46
                                    

'ဒီကောင် လာရော လာပါ့မလား ဂျေဒင်...'

ဈာန်ရဲ မယုံသင်္ကာဟန်ဖြင့် မေးသည်။ ဂျေဒင်က ဆေးတံကို ဟန်ပါပါဖွာရှိုက်နေပြီးမှ ခပ်မဲ့မဲ့ပြုံး၏။

'မင်း အခုထိ အဲဒီ့ကောင်အကြောင်း မသိသေးဘူးပဲ.. အဲဒါကြောင့် သူ မင်းကို အလွယ်တကူ ပြိုလဲသွားအောင်လုပ်နိုင်တာ...သူ လာလိမ့်မယ်...လာကိုလာမှာ... ဘာလို့လဲဆိုတော့ သူ့မိန်းမလေးက လက်မလွှတ်ချင်လောက်အောင် သိပ်လှလို့...'

'ခင်ဗျား တည်နေရာကိုခြေရာခံမရအောင် ပိတ်ထားသေးတာလေ.. ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့လူတွေခေါ်လာရင်ရော..'

'ဒါဆို သူ့မိန်းမကို သတ်လိုက်ရုံပေါ့...'

သူတို့နှစ်ယောက် ပြောလို့မပြီးသေးခင် လူတစ်ယောက် တံခါးဝရောက်လာကာ..

'နေစက်ကွင်း ရောက်လာပါတယ် မာစတာ...'

'ဘာ...'

နှစ်ယောက်လုံး အံ့သြသွားကြကာ ဂျေဒင့်ခါးကြီးပါ မတ်ဆန့်သွား၏။ စစ်ကြေညာထားတာ သုံးနာရီပဲရှိသေးသည်။ ဒီလောက်အချိန်တိုအတွင်း တည်နေရာကို ရှာနိုင်မည်မဟုတ်၊ သိခဲ့လျှင်တောင် ချက်ချင်းရောက်လာနိုင်စရာ အကြောင်းမရှိပါ။ ဂျေဒင် ဝတ်ရုံကြီးတလွှားလွှားနှင့်အပြင်သို့ အပြေးတစ်ပိုင်းထွက်လာခဲ့သည်။ ဈာန်ရဲကလည်း ဂျေဒင့်နောက်မှ ကပ်ပါလာ၏။

အစောင့်တွေရှေ့မှာ စက်က အတက်ချီကေ့စ်တစ်ခုဆွဲလျက် ထီမထင်မျက်နှာပေးနှင့် ရပ်စောင့်နေသည်။

'မင်း.... တကယ်ရောက်လာတာပဲ...'

ဂျေဒင် အံ့သြမပြယ်နိုင်သေးသော မျက်နှာကို ဖုံးဖိဟန်လုပ်၍ ဆိုမိသည်။ စက်က ဘောင်းဘီအိတ်ထဲလက်ထည့်လျက်..

'မင်းပြောတဲ့အတိုင်း တစ်ယောက်တည်းလာတာ.. ဟောဒီမှာ ယူရိုငါးမီလီယံ ချက်ခ်လက်မှတ်တွေ...'

'ဘီလျံနာကြီးရဲ့သားဆိုတော့ ငါးမီလီယံလောက်ကတော့ ပါးပါးလေးပါ..'

'ငါးမီလီယံလိုချင်လို့ ငွေညှစ်ပြန်ပေးဆွဲတဲ့ သောက်ပေါကောင်.. ငါ ဆယ့်ခြောက်နှစ်သားကတည်းက ငါ့အဖေပိုက်ဆံမသုံးတော့တာ ဒီနေ့အထိပဲ..ငါကိုယ်တိုင်က ဘီလျံနာမို့လို့လေ...'

☀️The Will Of The Heart🌻Where stories live. Discover now