'ဒီပုံတွေက ဘယ်တုန်းကပုံတွေလဲ.. ဘာဖြစ်လို့ ငါ့ကိုခုမှလာပြတာလဲ...'
သူ့လူယုံ သူရ လာပြသည့်ပုံတွေကိုကြည့်ရင်း သူ့မျက်ခုံးတွေ ငယ်ထိပ်ထိမြင့်တက်ကုန်သည်။ မာန်နှင့်နေစက်ကွင်း တွဲသွားတွဲလာလုပ်နေသည့်ပုံတွေချည်းဖြစ်ကာ ရယ်မောရွှင်မြူးနေပုံတွေလည်း မနည်း။
'Boss အလုပ်ရှုပ်နေလို့ ကျွန်တော်မပြောဖြစ်တာပါ၊ တမင်လျှိုထားတာမဟုတ်ရပါဘူး...'
'တောက်! '
တက်ခေါက်သံနှင့်အတူ သူရအင်္ကျီလည်ပင်းစကိုပါ ဆောင့်ဆွဲခြင်းခံလိုက်ရပြီး လက်သီးချက်တွေ ဆင့်ကဲဆင့်ကဲရောက်လာသည်။
'ကဲကွာ...ဒီလောက်အရေးကြီးတဲ့ကိစ္စကို နောက်ကျမှပြောဉီး ကဲ..'
သူ့လက်သီးချက်တွေကို သူရ လူးလှိမ့်ခံနေရကာ နှုတ်ခမ်းထောင့်မှသွေးတွေစီးကျလာတာကိုလည်း မသုတ်ရဲ၊ မထွေးရဲ။ ဒီတိုင်း ကိုယ်ကိုမတ်မတ်ဆန့်၍ ခေါင်းငုံ့ရပ်နေသည်။
'မာန်...သစ္စာမရှိတဲ့မိန်းမ...ငါ့ဘက်က ယုံကြည်ပေးခဲ့တာတောင် မင်း တကယ် လုပ်ရက်လွန်းတယ်..'
ဈာန်ရဲ လက်သီးဆုပ်ထားတာ ပြေကျမသွားဘဲ အံကြိတ်တက်ခေါက်မိပြန်သည်။
နေစက်ကွင်းဆိုသည့်လူ ရှုထောင့်မျိုးစုံကနေ ထိုးနှက်နေပေါင်းများပြီ။ ဒီတစ်ခါ ထိုးနှက်ချက်က အပြင်းထန်ဆုံးဖြစ်မည်ထင်၏။ ချစ်ရသူ၏သစ္စာမဲ့မှုကြောင့် အသည်းက ပို၍နာနေသည်။ လက်တွဲဖော်အဖြစ် ရည်ရွယ်၍ စွဲမြဲချစ်ခဲ့ရသောကြောင့် လုပ်ရက်လေခြင်း ဟူသည့် ခံစားချက်က လူကိုရိုက်ပုတ်ထုထောင်းနေသလိုပင် အောင့်သက်မျက်ရှနေခဲ့၏။
'မာန် ဘယ်မှာလဲ...ငါ အခုပဲသူ့ကိုသွားတွေ့မယ်...'
'Capitalမှာ fan meetingလုပ်နေပါတယ်..'
သူရကို နေရစ်ခဲ့ဖို့ပြော၍ ဘော်ဒီဂတ်နှစ်ယောက်နှင့်အတူ Capital centerသို့ အမြန်လိုက်လာခဲ့သည်။'ဒီပန်းစည်းလေးလည်း လက်ခံပါ၊ Autoလည်း ထိုးပေးပါ..'
မာန်က ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ Autoရေးပေး၊ ဓာတ်ပုံတွဲရိုက်ပေးနှင့် ပြုံးပျော်ရွှင်မြူးနေကာ နောက်တစ်ယောက် အလှည့်ကျသူကိုကြည့်မိတော့ မျက်လုံးတွှေဝိုင်းသွားသည်အထိ အံ့သြနေလျက်..
'ဟယ်...bae..'
'Nice to meet you မာန်...'
နေက ပြုံးမြမြမျက်နှာလေးနှင့် နှုတ်ဆက်၍ ပန်းစည်းကမ်းပေးရင်း Autoရေးဖို့ လက်ဝါးဖြန့်ပေးသည်။ နေ့နောက်မှာ မီးမီးက ခွေးလေးပိုက်၍ ကပ်ပါလာ၏။ မာန်က အော်တိုရေးပေးလိုက်ပြီးမှ..
'bae...ဘယ်လိုသိပြီး ရောက်လာတာလဲ...'
'facebookမှာတွေ့လို့လေ...'
'ခြေထောက်က သက်သာပြီလား...ဘယ်သူနဲ့လာတာလဲ...'
'ခြေထောက်က လမ်းလျှောက်ရတာ နည်းနည်းထောက်နေသေးလို့ မီးမီးကိုခေါ်လာတာလေ..'
မာန်က မီးမီးကိုလည်း ရင်းနှီးစွာပြုံးပြလိုက်ရင်း မီးမီးလက်ထဲက ခွေးလေးကို မြင်သွား၏။
'အဲဒီ့ခွေးလေးက ကိုစက်လက်ဆောင်ပေးထားတာမို့လား...'
'ဟင်..မာန်သိတယ်..'
'သိတာပေါ့...သူ ဒီခွေးကိုခေါ်ပြီး အိမ်လာလည်တယ်လေ...အိမ်မှာ ခွေးပျောက်လို့လိုက်ရှာရသေးတယ်ရှင်..'
'ဪ..ဖြစ်ရလေ...'
နေက တစ်ချက်ရယ်လျက် ဖုန်းထုတ်၍ မာန့်ကိုပေးသည်။ မာန် နေ့ဖုန်းကို ဖွင့်လိုက်တော့ Screen wallpaperမှာ တင်ထားသည့်ပုံကြောင့် မျက်ခုံးတန်းလေးတစ်ချက် တွန့်ကွေးသွား၏။ စက် လည်ကုပ်ပေါ်က နေကြာပန်းပုံတက်တူးက သူမကိုပြောင်ပြနေသလိုပင်။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးလိုက်ပြီးမှ ကင်မရာဖွင့်၍ selfieရိုက်လိုက်ကြသည်။ နေနှင့်မီးမီးက မာန့်ဘေးတစ်ဖက်တစ်ချက်စီမှာရပ်၍ လက်နှစ်ချောင်းထောင်လျက် ပို့စ်ပေးကြ၏။
'ငါ့baeက ခြေထောက်နာနေတဲ့ကြားက မာန့် fan meetingကိုရောက်အောင်လာပေးလို့ ကျေးဇူးပါရှင်၊ အရမ်းချစ်တယ်နော် baeရေ...'
'နေကလည်း ဘယ်ပွဲမှတက်လေ့မရှိတတ်ဘူး၊ မာန့်ပွဲမို့လို့ရောက်အောင်လာခဲ့တာ...ဒါနဲ့ နေ့သူငယ်ချင်း showroomဖွင့်ပွဲလည်း ရောက်အောင်လာခဲ့နော်...နေ မျှော်နေမှာ..'
'စိတ်ချပါရှင်... ကိုစက်ကလည်း မာန့်ကိုသေချာဖိတ်ထားပါတယ်..'
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...