'You'll never be alone...
I'll be with you from dusk till dawn.သီချင်းခပ်ငြိမ့်ငြိမ့်နှင့် ဖုန်းသံမြည်လာ၏။ ဖုန်း ringtoneက သူ ခါတိုင်းထည့်ထားသည့် Now and foreverသီချင်းမဟုတ်တော့ဘဲ Zayn၏ Dusk Till Dawn သီချင်းဖြစ်နေ၍ နည်းနည်းတော့ကြောင်သွားပြီးမှ မနေ့က နေ ringtoneပြောင်းထားခဲ့မှန်းသတိရသွားသည်။ သူ အိပ်ရာမှထ၍ ဖုန်းကိုင်လိုက်၏။
'အေး...'
'......,......,....'
'၁၂ ကွန်ဒိုမှာ..မင်းလာရမယ့်ရက် ငါနောက်မှဖုန်းဆက်မယ်..'
သူ ညက အိမ်မပြန်ဖြစ်ခဲ့ပါ။ အလုပ်ကိစ္စကြောင့် သူပိုင်သည့် ကွန်ဒိုမှာပဲ တစ်ညလုံးအချိန်ကုန်ခဲ့၏။ ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး မျက်နှာသစ်ဖို့ ဘေစင်ရှေ့သို့ ထလာခဲ့သည်။ ဆံပင်ရှည်တွေကိုစည်းနှောင်လိုက်ပြီးမှ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများကို မုတ်ဆိတ်ရိတ်စက်နှင့်ရှင်းလင်း၍ မျက်နှာသစ်ချသည်။ မှန်ထဲက ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရင်း သူ့လည်ပင်းညာဘက်က နီရဲနေဆဲ အရာကြီးကိုမြင်သွား၏။
'အရမ်း ဆိုးတဲ့နေပဲ...'
သူ့ကို စိတ်ကောက်ပြီး ဘယ်လောက်တောင် အားထည့်ကိုက်ထားခဲ့မှန်းမသိ၊ ညိုမည်းပင်စွဲနေပြီ။ သူ ထိုဒဏ်ရာကိုလက်နှင့်အသာအယာစမ်းရင်း အမျိုးအမည်မသိတတ်သော ခံစားချက်တစ်မျိုးရလိုက်ပြန်သည်။ တစ်ဆက်တည်းမှာပင် နှလုံးခုန်သံက ပုံမှန်ထက် ပိုမြန်နေသည်။
ဒီ အသက်ရှူနှုန်းနှင့် နှလုံးခုန်သံရယ်၊ ဘာမှန်းမရေရာသော ခံစားချက်ရယ် ရောထွေးနေခဲ့တာ မနေ့ကတည်းက အခုချိန်ထိဖြစ်၏။ သို့ပေမဲ့ စိတ်ရှုပ်ထွေးသွားခြင်းမျိုးမဟုတ်ဘဲ သိမ့်ခနဲ နွေးသော ခံစားချက်မျိုးဖြစ်ကာ သူကိုယ်တိုင် လိုလားနှစ်သက်နေမိတာ ထူးဆန်းအံ့သြဖွယ်ပင်။ ဒီဒဏ်ရာ ပျောက်သွားမှာတောင် စိုးရိမ်နေမိကာ တမင်တကာဆေးမလိမ်းဘဲ ဒီတိုင်းပဲရှိစေခဲ့၏။
နေ့မျက်နှာလေးကိုမြင်ယောင်မိတော့ တဘက်ကိုဆွဲယူရင်း ပြုံးမိသွားသည်။ သူမဒဏ်ရာကို ဆေးလိမ်းဖို့၊ ဆေးမှန်မှန်သောက်ဖို့ ဖုန်းဆက်သတိပေးရဦးမည်။ သူ ဖုန်းဆက်ဖို့ ဟန်ပြင်နေဆဲမှာပဲ မာန့်ဖုန်းက အရင်ဝင်လာသည်။
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...