🌻အခန်း(၃၆)🌻

27K 724 83
                                    

လေညှင်းဆော်သွေး၍ မျက်နှာကို လာကျီစယ်နေပေမဲ့ တစ်ကိုယ်လုံးနွေးနေသည်။ လက်တွေက နူးညံ့အိစက်သည့်အခင်းအကျင်းတစ်ခုကိုထိသပ်မိတော့ နေ မျက်တောင်တွေခတ်၍ မျက်လုံးပွင့်လာ၏။ မနေ့ညက သူမနှင့်ကင်း မိုးထဲလေထဲ မီးဖိုဘေးမှာအိပ်ပျော်သွားခဲ့ပြီး အခု မြင်နေရသည်က မိုးရေယိုနေသည့်သွပ်ချပ်တွေမဟုတ်ဘဲ မျက်နှာကြက်က မီးပန်းဆိုင်းကြီးတွေ။
ပြီးတော့ နေ မွေ့ရာပေါ်မှာ စောင်ကြီးခြုံလျက်သား ကွေးနေခြင်းဖြစ်သည်။ မနေ့ညကလို ဖျာစုတ်လည်းမဟုတ်၊ ပရုတ်လုံးစော်နံနေသည့် ဂွမ်းစောင်လည်း မဟုတ်၊ မီးဖိုလည်းမရှိတော့ဘဲ ခမ်းနားသည့်အခန်းကျယ်ကြီးထဲရောက်နေတာကို မြင်လိုက်ရခြင်းကြောင့် တစ်ခန်းလုံးကို မျက်စိကစားကြည့်ရင်း အိပ်မက်များလားဟုပင် ထင်မိလျက် ကိုယ့်လက်ကိုယ်ပြန်ဆိတ်ကြည့်သည်။

ဆိတ်မိပြီးမှ ညက ဝတ်လစ်စလစ်နှင့်ရှိခဲ့သည့်အဖြစ်ကို ပြန်သတိရကာ စောင်ကိုအလန့်တကြားဆွဲရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိသည်။

'နိုးပြီလား နေ..'

စက် အသံကိုကြားလိုက်ရကာ နေ ရင်ဘတ်ကိုလက်နှင့်ဖိ၍ လှည့်ကြည့်၏။ သူက မွေ့ရာဆီ လျှောက်လာကာ လောင်းကုတ်အင်္ကျီကြီးဝတ်ထားလျက် မျက်နှာက ရှင်းသန့်လတ်ဆတ်နေသည်။ အမြဲတစေ စည်းနှောင်ထားတတ်သည့် ဆံပင်ရှည်တို့ကို ဖြန့်ချထားသဖြင့် ဆံပင်တွေက ပခုံးကျော်နေပြီ။

'ကင်း..ငါ ဒီကိုဘယ်လိုရောက်နေတာလဲ...ညက ငါတို့...'

နေ ဆက်မ​မေးရဲတော့ဘဲ ရှက်စိတ်ကြောင့် နှုတ်ခမ်းများကိုဖိပိတ်ပစ်သည်။

'ငါ့ကိုယ်ပေါ်က အဝတ်အစားတွေ...အဲ...'

ဝါကျတွေလည်း အဆင်မချောနိုင်ဘဲ ကမောက်ကမ ဖြစ်ကုန်သည်။ စက်က ပြုံးတုံ့တုံ့မျက်နှာနှင့် မွေ့ရာပေါ်တင်ပါးလွှဲထိုင်၍ နေ့နဖူးလေးကို လက်ဖမိုးနှင့်စမ်းကြည့်သည်။

'အဖျားတော့ မရှိပါဘူး . ကိုက်ခဲတာမျိုး ရှိသေးလား..'

'ဟင့်အင်း..'

နေက စောင်ကို ရင်ဘတ်ထိဆွဲတင်ထားကာ..

'ညက ငါ့အဝတ်တွေ ဘယ်ရောက်ကုန်တာလဲ..'

☀️The Will Of The Heart🌻Where stories live. Discover now