'အဆင်သင့်ဖြစ်ပြီလား ခရာ...'
'ဖြစ်ပါပြီ Lord...'
ခရာ ခေါင်းညိတ်ပြလျှင် သူက စားပွဲပေါ်ခင်းကျင်းထားသည့် 8k screenကို Zoomဆွဲ၍ Coordinateမှတ်ထားသည့်နေရာတွေကို လက်နှင့်လိုက်ထောက်သည်။
'ဒီအခန်းထဲ ငါအပါအဝင် စုစုပေါင်း ဆယ်ယောက်ရှိတယ်..ဒါ ရှိုးပြထားတဲ့လူ အကုန်ပဲ.. သူတို့လည်း ဒီဆယ်ယောက်ကိုပဲ အာရုံစိုက်လိမ့်မယ်..အထူးသဖြင့် ငါပေါ့.. ငါ ဒီမှာရှိနေသရွေ့ သူတို့ ငါ့ဘေးကလူတွေကိုပဲမြင်ကြမှာ.. နောက်ဆယ်မိနစ်ဆို ဒီအခန်းထဲထိ ဝင်လာကြလိမ့်မယ်.. မင်းတို့က သူတို့ဝင်လာတာနဲ့ သတ်မှတ်ထားတဲ့နေရာကနေ တိုက်ခိုက်ဖို့အသင့်ပြင်ထား...'
သူ့အစီအစဥ်ကို အားလုံးခေါင်းညိတ်နာခံကြသည်။
'ငါက ဂျေဒင့်ရဲ့ညာလက်ရုံး ကျားနက်ကို အရှင်ဖမ်းဖို့ မျှားခေါ်မယ်.. သူကလွဲရင် အားလုံးကို ဒီအဆောက်အဦးထဲမှာပဲ မီးလောင်တိုက်သွင်းလိုက်တော့...ကဲ ကောင့်ဒေါင်း စပြီ...'
သူ ကောင့်ဒေါင်းစသည်နှင့် သူ့လူတွေအားလုံး သတ်မှတ််ထားသည့် ကွယ်ရပ်မှာ နေရာယူကြသည်။ စက်က ကျည်ကာဝတ်ရုံပေါ်မှာ တီရှပ်လက်ရှည်ထပ်ဝတ်၍ ခါးပတ်ပတ်လိုက်သည်။ ဆံပင်ရှည်တို့ကို ခပ်မြင့်မြင့် စုစည်းချည်နှောင်လိုက်ပြီးနောက် စားပွဲပေါ်က ပစ္စတိုသေနတ်ကိုကောက်ယူ၍ နာရီကြည့်နေသည်။
အချိန်စေ့သွားသည်နှင့် သေနတ်သံတွေကြားလိုက်ရကာ ကျည်ဆန်တွေ ပြတင်းပေါက်မှန်များမှတစ်ဆင့် ဖောက်ထွက်လာ၏။ ကွယ်ရပ်မှာ နေရာယူထားကြသည့် ခရာတို့အဖွဲ့က သူကြိုတင် တွက်ချက်ထားသည့် အစီအစဥ်တွေအတိုင်း ငြိမ်နေကြဆဲ။
မိနစ်အနည်းငယ်ကြာသည့်နောက်မှာ ဝတ်စုံအပြည့်နှင့်လူ အယောက်သုံးဆယ်ခန့် အဆောက်အဦးထဲဝင်လာကြသည်။ သူတို့ရှိနေသည့် ခန်းမထဲထိကျူးကျော်လာကြလျှင် ချိန်ကိုက်ဗုံးကြိုးတွေ နင်းမိကာ ပေါက်ကွဲသံတွေထွက်လာခဲ့ပြီး အဆောက်အဦးတစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။
အလဲလဲအကွဲကွဲဖြစ်ကုန်ကြသည့်ကြားမှ
မာန်တင်း၍ ရှေ့ဆက်တိုးလာကြသူများနှင့် စက်၏လူတွေ ပစ်ကြခတ်ကြရင်း Sun Empire၏ နယ်နိမိတ်အလွန် ကန့်သတ်ဧရိယာတစ်ဝိုက်မှာ ကမ္ဘာပျက်သလို ကျွက်ကျွက်ညံနေ၏။
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...