'ဘိုးဘိုးတို့ပေးလိုက်တဲ့ မွေးနေ့လက်ဆောင်တွေ မနည်းပါလား...'
သင်္ခယာနှင့်အဇဋာက မွေးနေ့လက်ဆောင်ပုံးတွေ တစ်ခုချင်းစီ ဖွင့်ကြည့်၍ သဘောတွေ့နေကြ၏။ နှစ်စဉ် မွေးနေ့နီးတိုင်း ကြိုရောက်နေတတ်သည့် လက်ဆောင်တွေက စုံလင်နေ၏။ နေက ဒုတိယမိဘတစ်ဖြစ်လည်း ယောက္ခမတွေနှင့် video callပြောရင်း သားနှင့်သမီး လက်ဆောင်တွေ ဟိုဖွဒီဖွလုပ်နေပုံကိုပါ zoomချဲ့ပြသည်။ ဉီးနေသိင်္ခတို့ မြေးတွေမျက်နှာကြည့်ရင်း ပြုံးပြုံးကြီးဖြစ်နေကြသည်။
"ငါ့မြေးတွေ...ဘိုးဘိုးပို့ပေးတဲ့လက်ဆောင်တွေ ကြိုက်ကြရဲ့လားဟေ့..."
"ကြိုက်တယ်..ကြိုက်တယ်..ဘိုးဘိုးရေ..."
အဇဋာလေးက အသံစာစာလေးနှင့်အော်၍ နေ့ရင်ခွင်ထဲမှ လက်ပြနှုတ်ဆက်သည်။ သင်္ခယာက ဘိုးအေဖြစ်သူကို fly kissလုပ်ပြ၍....
'ဘိုးဘိုးတို့ ဘွားဘွားတို့ ဘယ်တော့လာမှာလဲ..' ဟု မေးသည်။
'ဘွားဘွားတို့ လေးလပိုင်းလောက်မှ လာဖြစ်မယ်ထင်တယ်မြေးရေ... '
ဒေါ်မြမိုးစက်က ဝင်ဖြေသည်။
'လေးလပိုင်းမှလာမှာဆို ဒီဘက်က အရမ်းပူတယ်နော်... အခုတောင်မှ နွေဉီးပဲရှိသေးတာကို အင်္ကျီချွတ်နေရပြီ...'
'အဲရ်ကွန်း ဖွင့်ထားတယ်လေ သားရဲ့...ဪ..'
နေက ကြားဖြတ်ဝင်ပြောတော့ သင်္ခယာ နှာခေါင်းရှုံ့သွားကာ...
'အဲရ်ကွန်း စိုထိုင်းထိုင်းဖီလင်ကြီးနဲ့မမိုက်ပါဘူးမေမေရာ...နွေရာသီမှာ Sun Empireကိုသွားနေရအောင်ပါဆို သားစကားမှနားမထောင်တာ...'
'အမလေး.. အဲဒီ့ကို ဘာလို့သွားနေရမှာလဲ သားနော်..ပြောပြန်ပြီ..'
'မေမေနေချင်တဲ့နေရာမှာပဲ သားတို့နေပေးရတာလေ.. သားတို့နေချင်တဲ့နေရာလည်း တစ်ခါလောက်တော့လိုက်နေဉီးပေါ့.. နောက်နှစ်မှ လိုက်ပို့မယ် နောက်နှစ်မှ လိုက်ပို့မယ်ဆိုပြီး ညီမလေးတောင် လူကြီးဖြစ်တော့မယ်.. မေမေ အခုထိ ကတိမတည်ဘူးနော်..'
Sun Empireကိုသွားမည်ပြောတိုင်း သားအမိနှစ်ယောက် စကားများရတာလည်း ထုံးစံတစ်ခုလိုဖြစ်နေ၏။
'သားက ဖေဖေ့ကိုပူဆာလိုက်ရင် တစ်ခွန်းပဲမေမေ.. မေမေ ငြိုငြင်မှာစိုးလို့ငြိမ်နေတာ...'
'ဟဲ့သား .. ဘယ်သွားတာလဲသားရေ...'
ပြောပြောဆိုဆို ထထွက်သွားသည့်သင်္ခယာ့ကို နေ လှမ်းခေါ်ပေမဲ့ သားက အခန်းပြင်ရောက်နေပြီ။ နေ သက်ပြင်းမောတစ်ချက် ချလိုက်မိလျက်..
'အဲဒါပဲကြည့်တော့မာမီ.. သူ အလိုမကျလို့စိတ်ကောက်သွားပြီ...'
နေက ကယ်ကြီးနှင့်မာမီ့ကို သားအဖအကြောင်းတွေ ပြန်လည်ပို့ချရင်းဖြင့် အချိန်တွေကုန်လွန်၍ မှောင်စပျိုးလာသည်။ စက်က လက်ဆောင်တွေလာပို့ရင်း အလည်ရောက်နေသည့်ရာမတို့သင်္ဂိုရ်တို့နှင့် စကားပြောမပျက်သေး။ အိမ်ရှေ့ခန်းထဲမှာ ဧည့်ခံနေဆဲရှိ၏။
'ဟော..စက်ကွင်းကိုယ်ပွားလေး ကိုသင်္ခ ထွက်လာပါပြီခင်ဗျာ..'
ရာမတို့ သင်္ခယာထွက်လာတာကိုမြင်တော့ မေးဆတ်ကြသည်။ သင်္ခယာက ရေခဲသေတ္တာထဲမှ ရေဘူးဖွင့်၍ မော့သောက်ပြီးမှ ဖေဖေတို့နား လျှောက်လာသည်။
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...