🌻အခန်း(၁)🌻

72.8K 983 6
                                    

'အခြေအနေ ဘယ်လိုရှိလဲ စက်..'

'ငါတို့ဘက်က နိုင်မှာ...'

စီးကရက်ရှိုက်ရင်း ပြောလိုက်ပုံက ပြတ်တောက်တောက်။ သင်္ဂိုရ် ဘာမှဆက်မမေးသော်လည်း ရတက်မအေးနိုင်သေးပါ။

လောင်းကြေးက ရာဂဏန်းထိရှိနေသည်။ စက်က သေချာအပိုင်တွက်၍ လောင်းကြေးထပ်ထားကာ ပွဲသိမ်းလျှင် ငွေထုပ်ပိုက်အိမ်ပြန်ဖို့ အဆင်သင့်။ အရှုံးမရှိခဲ့သော ရာဇဝင်မှာ ဒီတစ်ပွဲကတော့ ကြည့်ရသလောက် အခြေအနေကောင်းဖို့ အလားအလာမရှိချေ။ စက်ကတော့ အေးဆေးစွာပင် စီးကရက်ခဲနေကာ ရာမက ဖုန်းထောင်၍ ပွဲစဥ်တွေကို videoရိုက်ရင်း liveလွှင့်နေသည်။ သင်္ဂိုရ်တစ်ယောက်သာ နပန်းပွဲကို ရင်တမမနှင့်ကြည့်ရင်း ပူပန်နေဆဲ။

နောင်ချိုမြို့၏ အထင်ကရ ကုန်သည်စျေးပွဲတော်ကြီးမှာ နပန်းပွဲ၊ လက်ဝှေ့ပွဲ၊ ကျွဲခတ်ပွဲ စသည်ဖြင့် ပြိုင်ပွဲအစုံအလင် မရိုးမအီနိုင်အောင် ထည့်သွင်းကျင်းပလေ့ရှိကာ အနယ်နယ်အရပ်ရပ်က ဝါသနာအိုးတွေ တကူးတက လာရောက်အားပေးလေ့ရှိကြသည်။ စက်လို လောင်းကစား ဝါသနာအိုးတစ်ယောက်အတွက်တော့ လက်လွတ်ခံ၍မရသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည်။ မြန်မာပြည်အနှံ့က ဤကဲ့သို့သော ပွဲတော်ကြီးတွေဆိုလျှင် စက်တို့ အနံ့ခံ၍ ခြေလှမ်းဦးပြီးသား။
အရင်ကတော့ ပွဲကြည့်ပရိသတ်အဖြစ် ကွင်းထဲကနေ အားပေးရုံမျှသာ။ နောက်ပိုင်းမှာ professionalတွေကို ချိတ်ဆက်ငှားရမ်း၍ ကိုယ်တိုင်ဝင်လောင်းသည်အထိ ဖြစ်လာသည်။ ပွဲတိုင်း နိုင်ခဲ့သည်ဖြစ်၍ ဒီလောကမှာတော့ 'နေစက်ကွင်း'ကို မသိသူမရှိသလောက်ပင် နာမည်ကျော်ခဲ့ပြီး စက်နှင့် လက်တွဲချင်သူတွေ များလှသည်။ ကမ်းလှမ်းဖိတ်ခေါ်ခံရသည့်ပွဲတွေလည်းမနည်းပါ။

'ဝိုး....ဘရာဗို...'

ရာမ၏ အော်သံကြီး ဟိန်းထွက်လာကာ လက်ထဲက ဖုန်းကို လေထဲမြှောက်ဆော့၍ လက်ခမောင်းထခတ်သည်။ ထိုအခါမှ သင်္ဂိုရ် သက်ပြင်းချနိုင်တော့သည်။ နပန်းပွဲမှာ Dragonဟု တင်စားခေါ်ဝေါ်သည့် ဆလိုင်းဘာရာက စလွယ်ပတ်၍ လက်မြှောက်အောင်ပွဲခံနေပြီ။
မြင်သာသည့်နေရာမှာ လက်ပိုက်ရပ်နေသည့် စက်ကို လက်ဝှေ့ယမ်းပြလျှင် စက်က လက်မထောင်ပြ၏။ ပွဲသိမ်းတော့ ဆလိုင်းဘာရာနှင့် သူ့လူများ စက်တို့ရှိနေသည့် နေရာသို့ ရောက်လာကြသည်။

☀️The Will Of The Heart🌻Donde viven las historias. Descúbrelo ahora