🌻အခန်း(၄၀)🌻

24.4K 643 51
                                    

'တော်သေးတာပေါ့...ဘိန်းမရောင်းလို့...မဟုတ်ရင် ငါက ဘိန်းသမားကတော်ဖြစ်ရဦးမယ်..'

နေက သူ့ပေါင်ပေါ်ခေါင်းတင်၍လှဲရင်း သူပြောပြသည့်လောကအကြောင်း နားထောင်နေသည်။

'ဘိန်းရောင်းတဲ့အလုပ်ကိုတော့ ငါ မလုပ်ပါဘူး၊ ဘိန်းရောင်းမှ ချမ်းသာမယ့်ကောင်မှမဟုတ်တာ.. ငါပိုင်တဲ့တွင်းတွေချည်း ပဒေသာပင်လို လက်နဲ့ခပ်ယူတိုင်းရတယ်.. ဘိန်းက အဲဒီ့ဘက်မှာ ခွန်ဆာနဲ့နော်ခမ်း အဓိကကုန်သွယ်တာ.. သူတို့အချင်းချင်း စားကျက်လုရင်း တစ်နှစ်ကိုသုံးခါလောက် စစ်ဖြစ်တယ်.. ဟိုဘက်က အာဏာပိုင်တွေနဲ့ငြိရင်တော့ အဲဒီ့နှစ်ကောင်က စည်းလုံးသွားပြန်ရော...'

'ခစ် ခစ်...နင်ကရော သူတို့နဲ့တည့်လား...'

နေက သူတို့လောကကို စတိတ်ကျောင်းက ချိန်းပွဲတွေကဲ့သို့ ထင်မှတ်နေပုံပင်။ သူက ရယ်ရင်း ခေါင်းညိတ်ပြလျက်..

'ငါ့ပိုက်နက်က သူတို့ထက်ပိုကျယ်တယ်.. ပြီးတော့ ငါက ငါ့လုပ်ငန်းတွေအားလုံးကို legalဖြစ်အောင်လုပ်ထားလို့ အာဏာပိုင်တွေက ရှောင်ကွင်းသွားကြတာကများတယ်..ခွန်ဆာတို့နဲ့က လမ်းကြောင်းမတူပေမဲ့ ငြိမိတာမျိုးမရှိဘူး.. ငါက သီးသန့်ခွဲထွက်နေတဲ့ကောင်မို့လို့လေ.. ဆက်ဆံရေးတော့ပြေလည်ပါတယ်..'

သူက နေမသိခဲ့သည့်အကြောင်းအရာတွေကို ပုံပြင်တစ်ပုဒ်လိုပြောပြလိုက်၊ နေမေးသမျှဖြေလိုက်နှင့် အပြုံးမျက်နှာက လန်းဖြာနေသည်။ ငယ်စဥ်က မာမီမရှိသည့်အချိန်တွေမှာ သူ့ပေါင်ပေါ်ခေါင်းအုံး၍ သူပြောပြသည့်အိပ်ရာဝင်ပုံပြင်တွေကို နားထောင်ရင်း အိပ်မောကျတတ်ခဲ့သည့်ညတွေကို သတိရသွားမိသည်။ ကင်းဟာ ဟိုအရင်ကအတိုင်း စကားကြွယ်ဆဲ၊ ပုံပြောကောင်းဆဲဖြစ်ကာ နေနှင့်ပတ်သက်လာလျှင် ဘယ်တော့မှပြောင်းလဲသွားခဲ့သည်မရှိသော သူ့အကျင့်အတိုင်း နေ့ဆံပင်လေးတွေကိုသပ်ရင်း ခြေတစ်ဖက်အောက်ချ၍ ဒန်းစင်ကို လွှဲနေသည်။

'နင် လူကုန်ရော ကူးလား ..'

'No... ငါက မကောင်းတဲ့ဘက် အလေးသာနေပေမဲ့ လူကုန်ကူးတဲ့အထိတော့ စိတ်ဓာတ်အောက်တန်းမကျသေးဘူး.. ဒီနေရာမှာ နည်းနည်း လူသားဆန်ချင်တယ်ပြောရမလားပဲ... ငါ့မှာ တွယ်တာစရာလူတွေရှိတယ်၊ တန်ဖိုးထားရတဲ့နင်လည်းရှိတယ်... ငါတန်ဖိုးထားမြတ်နိုးတဲ့လူရှိသလို တခြားလူတွေမှာလည်း ကိုယ်စီတန်ဖိုးထားရတဲ့လူတွေရှိနေမှာပဲ... အပြစ်မဲ့တဲ့သူတွေက သူများရဲ့ရောင်းကုန်ဝယ်ကုန် ဖြစ်ဖို့ မထိုက်တန်ဘူး.. အဲဒီ့လိုလုပ်တဲ့ကောင်တွေလည်း လူလို့ခေါ်ဖို့ မထိုက်တန်ဘူး...'

'ငါ့ကင်းက နူးညံ့တဲ့စိတ်ထားလေးတော့ ကျန်နေသေးတာပဲ..'

'နူးညံ့တာမဟုတ်ဘူး နေ.. ဒါ ကိုယ်ချင်းစာစိတ်လို့ခေါ်တယ်.. ငါ့ကို လာမငြိရင် ငါက ကိုယ့်ဘာသာပဲနေတတ်တဲ့ကောင်...ငါနဲ့ငြိရင်တော့ မြွေပွေးလိုကောင်ဖြစ်သွားတာပေါ့... ယင်နားရင်တောင် အလွတ်မပေးဘူး...'

စက်က ဒီစကားကိုတော့ ထည့်ပြောဖြစ်အောင် ပြောသည်။ ကိုယ် အမှောင်ဘက်ခြမ်းမှာရှိနေပေမဲ့ နေစိုးရိမ်လောက်အောင် ဆိုးသွမ်းနေသည့်လူမဟုတ်မှန်း သိစေချင်၏။

'ငါက နင်နဲ့ရရင် မာဖီးယားကတော်ဖြစ်မှာပေါ့..'

'ဟား ဟား ဟား...နေရာ... '

သူ ဟက်ဟက်ပက်ပက်ရယ်၍ နေ့ဆံပင်လေးတွေကိုဖွလိုက်မိကာ..

'မာဖီးယားလို့ ဘယ်ကောင်က သမုတ်လိုက်သလဲတော့မသိဘူး၊ မာဖီးယားတွေက ဂိုဏ်းတွေ ဂဏတွေနဲ့ သတ်သတ်ရှိတယ်.. ငါက မာဖီးယားမဟုတ်ဘူး၊ Sun Empireဆိုတာလည်း ဂိုဏ်းမဟုတ်ဘူး.. နယ်နိမိတွေ ပိုင်ဆိုင်မှုတွေရဲ့ပြယုဂ်တစ်ခုပဲ.. အာဏာစက်သက်ရောက်မှုကို ပိုင်နက် နယ်နိမိတ်နဲ့သတ်မှတ်တယ်ဆိုရင် ငါက ဥပဒေရဲ့ဆန့်ကျင်ဘက် အရပ်ဒေသတိုင်းမှာ တစ်သွေးတစ်သံတစ်မိန့်နဲ့ဘုရင်ပဲ.. ruleတစ်ခုပဲ ထားတယ်... ငါ့အမိန့်မနာခံရင် သေဒဏ်..'

'နင် အဲလိုမျိုး ဥပဒေကိုဆန့်ကျင်နေတော့ အစိုးရပိုင်းတွေနဲ့ထိပ်တိုက်ဆုံရတဲ့ကိစ္စတွေ ရှိလာနိုင်တာပေါ့...'

'ဟွန်း... ခဏခဏပေါ့...ဒါပေမဲ့ ဥပဒေဘက်တော်သားအမည်ခံထားတဲ့ ယူနီဖောင်းဝတ်ကောင်တွေလည်း ငါ့လက်ခုပ်ထဲကရေပဲ.. သူတို့လောကမှာ တရားမျှတမှုဆိုတာ ငါတို့လောကထက်တောင် နည်းသေးတယ်..အထက်ဖားအောက်ဖိတွေလေ.. အမှုတစ်ခုခုဖြစ်ရင် လာဘ်ထိုးမယ်.. ငွေနဲ့ဖုံးပြီး လက်စဖျောက်မယ်.. victimဘက်ကတော့ မိအေးနှစ်ခါနာပေါ့.. ငွေလည်းကုန် အမှုလည်းရှုံး.. အတွင်းလှိုက်အကျင့်ပျက်ခြစားမှုတွေအများကြီး.. သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ စာအုပ်စိမ်းကြီးအတိုင်း တစ်သွေမတိမ်းလိုက်နာတဲ့ သောက်ပေါတွေကိုကျ တည်ကြည်ဖြောင့်မတ်ပြီး သိက္ခာရှိတဲ့လောမန်းလို့ ခေါ်ပြန်ရော... ဟက်...'

'နင်ကလည်း.. အဲ့လိုလူတွေလည်း ရှိချင်ရှိနိုင်တာပဲလေ... communityတစ်ခုလုံးကို သိမ်းကျုံးပြောလို့တော့မရပါဘူး...သောက်ပေါလို့မပြောပါနဲ့..'

နေက သူ့ရင်ဘတ်ကိုဖတ်ခနဲရိုက်၍ ရယ်သည်။ စက်က ဒန်းလွှဲမပျက် ဆက်ပြောနေဆဲဖြစ်လျက်...

'ကောက်ရိုးပုံထဲ အပ်ရှာတာကမှ လွယ်ဦးမယ်.. အဲလိုလူက ရှားတယ်နေ.. ဒါပေမဲ့ ငါ ကောက်ရိုးပုံထဲက အပ်လိုကောင်နဲ့ တစ်ခါဆုံဖူးတယ်.. ဒုရဲအုပ်တစ်ယောက်ပဲ.. ငါတို့ထက်တောင် အသက်ပိုငယ်သေးတယ်.. လုံးဝအကွေ့အကောက်မရှိတဲ့ တစ်ဖြောင့်တည်းသမား.. အဲလိုကောင်တွေချည်း လူ့အဖွဲ့အစည်းထဲ များနေရင် ငါလည်း အမှောင်ဘက်ခြမ်းက ကောင် ဖြစ်လာမယ်မထင်ဘူး..'

'ဆန်းကြယ်သွားပြီပဲ..'

နေ မျက်ခုံးပင့်၍ ပြောရင်း သူ့ခါးကိုဖက်လျက်အနေအထားနှင့် ဘေးတစောင်းလှဲသည်။

'အဲဒီ့ထက်ပိုဆန်းကြယ်တာ ရှိသေးတယ်၊ ငါတို့လို သာမန်မဟုတ်တဲ့ ထူးခြားတဲ့လူတစ်ယောက်ကို ထပ်တွေ့ခဲ့ရတာ.. ပုံစံကိုကြည့်လိုက်တာနဲ့ စူပါနထရယ်လ်ပဲလို့ တန်းသိနိုင်တဲ့လူ.. '

'ဟင်..'

'ဟုတ်တယ်.. အဲဒီ့လူက ထူးဆန်းတယ်.. သူနဲ့ပထမတစ်ခါဆုံတော့ ခုနက ငါပြောတဲ့ ဒုရဲအုပ်အိမ်မှာ မထင်မှတ်ဘဲတွေ့ကြတာ၊ သူက ဒုရဲအုပ်အစ်ကို.. ပထမဆုံးအကြိမ်ဆုံဖူးတာတောင် ငါ့နာမည်ရော၊ ငါဘယ်လိုကောင်လဲဆိုတာရော..ပြီးတော့ ငါ့မှာ အသက်လောက်ချစ်ရတဲ့နင်ရှိနေတယ်ဆိုတာထိပါ ကွက်တိပြောနိုင်တယ်.. ရှေ့ဖြစ်နောက်ဖြစ်တွေပါ ကြိုသိနိုင်တာမျိုးကွာ.. ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ငါ့အတွက်တော့ လက်မခံလို့်မရတဲ့ ရှားပါးဖြစ်ရပ်တစ်ခုပဲ..'

'အဲလိုတွေ တကယ်ရှိတာလား...'

နေက အံ့သြဟန်ဖြင့် မျက်လုံးလေးတွေဝိုင်းနေ၏။

'အင်း..ငါ နေပြည်တော်ကလပ်တစ်ခုမှာ တိုက်ခိုက်ခံရတုန်းက သူ ကူညီသွားတာ.. သူတိုက်ခိုက်တဲ့ပုံစံတွေကလည်း ထူးခြားတယ်.. လျှပ်စီးလက်တဲ့အတိုင်းပဲ.. အတော်လေး powerfulဖြစ်တယ်..'

'နင်နဲ့သူ သိခဲ့ကြတယ်ပေါ့... သူ့နာမည်ကရော ဘာတဲ့လဲ..'

'နတ်စစ်သည်တဲ့... နာမည်နဲ့လူနဲ့ လိုက်တယ်ပြောရမယ်.. ဘောလိဝုဒ်ကားတွေထဲကလိုဆို အဲ့လိုကောင်ကို ဘုရားသခင်လို့မှတ်ကြမလားပဲ.. immortalပုံစံမျိုးပဲ...'

'ငါလည်း အဲဒီလူကိုမြင်ဖူးချင်လိုက်တာ...'

'ရေစက်ပါရင်တော့ တွေ့ရမှာပေါ့.. အဲဒီ့လူက စကားအရမ်းနည်းပြီး ရေခဲတုံးကအဖေခေါ်ရမယ့်မျက်နှာပေးနဲ့လေ..'

နေ မျက်တောင်တဖျတ်ဖျတ်ခတ်၍ စိတ်ဝင်တစားနားထောင်နေတော့ သူက ထိုမျက်တောင်ရှည်တွေကို ငုံ့နမ်း၍...

'သူ့ထက်ပိုပြီးထူးခြားတာက ငါတို့နှစ်ယောက်ပဲ.. တစ်နေ့တည်းတစ်ချိန်တည်းမှာ မွေးဖွားလာကြတယ်.. သွေးလည်းတူ၊ ရုပ်လည်းဆင်ပြီးတော့ အခုချိန်ထိ မခွဲမခွာရှိနေတုန်းပဲ.. နောင်လည်း ကံကြမ္မာဖူးစာဖက်တွေအဖြစ်နဲ့ သေအတူရှင်မကွာ လက်တွဲသွားကြရဦးမှာ..ငါတို့က အစစ်အမှန်soulmateတွေ...'

စက်က နေ့လက်တစ်ဖက်ကို သူ့လက်နှင့် ပူးယှက်ဆုပ်၍ လက်ဖမိုးလေးကိုနမ်းသည်။ နေက သူ့ပါးတစ်ဖက်ကို အသာထိသပ်နေရင်း...

'ငါမသိခဲ့တဲ့ နင့်ဘဝတစ်စိတ်တစ်ပိုင်းက stressအရမ်းများခဲ့မှာပဲနော်..'

'ငါက stressကို strengthအဖြစ် ပြောင်းလဲနေကျကောင်လေ.. ဖိအားများလေ ပိုသန်မာပြီးအင်အားကြီးလေပဲ.. ငါ့မှာ ဖိအားဆိုလို့ နင် အရင်လိုပြန်ဖြစ်သွားမှာစိုးတဲ့စိတ်တစ်ခုပဲရှိတယ်...'

သူ့စကားကြောင့် နေ လှဲနေရာမှ ငုတ်တုတ်ထထိုင်၍ သူ့ကိုမျက်နှာချင်းဆိုင်ကြည့်သည်။

'ငါက နင့်အားနည်းချက်မဖြစ်စေရဘူး ကင်း.. နင် ဘာမှမစိုးရိမ်နဲ့တော့၊ ငါလည်း သန်မာအောင်ကြိုးစားမယ်.. အတိတ်က traumaတွေကိုဖျောက်ပြီး နင်နဲ့တစ်သားတည်းဖြစ်တဲ့အထိ ငါ့ကိုယ်ငါ ပြောင်းလဲမယ်... စိတ်ဓာတ်မာကျောကြံ့ခိုင်ဖို့ လေ့ကျင့်ယူမယ်... နင်သာ ငါ့ကိုကူညီပေး..'

သူ နေ့စကားတွေကို တအံ့တသြနားထောင်ရင်း မှင်သက်မိနေသည်။ နေက လေးနက်သည့်မျက်နှာနှင့်ကြည့်နေတော့ သူ သတိကပ်၍ နေ့လက်တွေကိုဆုပ်ဖျစ်လိုက်ပြီးမှ..

☀️The Will Of The Heart🌻Where stories live. Discover now