☀️ကျေးဇူးတင်လွှာ🌻
ဒီညတော့ ဟယ်ရန့်ရဲ့နှစ်ပုဒ်မြောက် ဝတ္ထုဖြစ်တဲ့ The Will Of The Heart ဇာတ်သိမ်းသွားပါပြီ။ deadlineနဲ့ နှစ်လကျော်အတွင်း အပြီးရေးခဲ့လို့ ၄၇ခန်းဟာ တိုတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဖီးနစ်ငှက်ထက် စာရွက်ပိုကုန်သွားပါပြီ။ ဟယ်ရန်က အခန်းတွေထပ်မခွဲတော့ဘဲ frameတစ်ခုထဲမှာ အပြီးဖွဲ့တာမို့လို့ပါ။ အခန်း၂၀ကျော်ကစပြီး တစ်ခန်းကို စာလုံး ၅၀၀၀ကျော်ပါတယ်။ အခန်းခွဲရင် ၈၀တောင်ကျော်နိုင်ပါတယ်။ ဟယ်ရန် ဒီ့ထက်ဆွဲဆန့်ရင် မုဆိုးမလေး မဂင်္ဂါဖြစ်တော့မယ်🤣
အဲတော့ Twothက ဟယ်ရန့်အတွက်တော့ လုံလောက်တဲ့ဇာတ်အိမ်နဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဇာတ်က ဒီ့ထက်ဆွဲဆန့်လို့မရတော့ပါ။ ဒီဝတ္ထုကို ဖီးနစ်ငှက်ဇာတ်သိမ်းပြီး နောက်တစ်နေ့မှာ ချက်ချင်းတင်ခဲ့တာပါ။ ဖီးနစ်ငှက်က ၅၇ခန်းလုံးပေါင်းမှ 1k viewတောင်မရှိတဲ့အထိ အောင်မြင်နေချိန်ပေါ့😆ဖတ်မယ့်readerလည်းနည်း၊ ကိုယ့်ကိုဘယ်သူမှလည်း မသိတော့ ဒီတစ်ခါ ငါ ပရိုမိုးရှင်းဆင်းဦးမှပဲဆိုပြီး normal gpတွေလိုက်ရှာတယ်။ ၂ခုတွေ့တယ်။ ၂ခုလုံးထဲ joinပြီး promotionဆင်းဖို့လုပ်ခဲ့ပါတယ်။ ဖတ်မယ့်သူမရှိတော့ ဖန်ကလည်းမရှိ၊ မရှိလို့ကိုယ့်ဘာသာ ပရိုမိုးရှင်းဆင်းဖို့ကြံကာမှ gpတစ်ခုက approveကြာရတာနဲ့ declineလုပ်ခံရတာနဲ့ အတော်တိုင်ပတ်ပါတယ်။ ဆက်တိုက်တင်မှ တစ်ပို့စ်လောက်ပဲ gpထဲရောက်တယ်၊ ရောက်တော့လည်း reachက မတက်၊ ဘယ်သူကမှ အဖက်မလုပ်၊ ကိုယ့်ပို့စ်က အောက်ဆုံးမှာ မြုပ်သွားရော။ အစဆိုတော့လည်း အဲလိုပဲလို့ ကြံဖန်ဖြေသိမ့်ရတာပေါ့။ အခုထိလည်း အပရုလုပ်မပေးသေး😪
နောက် gpတစ်ခုကျ မှန်မှန် approveလုပ်ပေးလို့ တော်ပါသေးတယ်လို့ဖြေသိမ့်ရပြန်ရော။ ဒါတောင် အခန်း ၁၀လောက်ထိ အစ်မတစ်ယောက်က ပရိုမိုးရှင်းဆင်းပေးလို့ တဖြည်းဖြည်းနဲ့ သတိထားမိလာကြတာ။ မဟုတ်ရင် ကိုယ်က စာပဲရေးတတ်ပြီး ကပ်ရှင်မရေးတတ်တာနဲ့ တစ်ချိန်လုံး ဒူနေတာ။ Wpတောင် ပို့စ်ဘယ်လိုတင်ရတာလဲ ဘယ်လိုeditရတာလဲ သူများကိုသွားမေးရတယ်။ ပရိုမိုးရှင်း ကူဆင်းပေးခဲ့တဲ့အစ်မကိုလည်း ဒီကနေ ကျေးဇူးတင်ပါတယ်။ ဟယ်ရန့်ကို တစ်လျှောက်လုံးအားပေး၊ မိုတီပေး၊ စတန်းပေးခဲ့တဲ့ ဟယ်ရန့်ညီမလေးကိုလည်း ကျေးဇူးပါလို့။ ပြီးတော့ normal gpထဲမှာ Twothကို recommendပေးခဲ့တဲ့ ကနဦး readerလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်လည်း လူသိလာတာပေါ့နော်။ ဘယ်သူတွေလဲဆိုတာ accနဲ့တကွ မှတ်ထားပါတယ်။ 0viewကစပြီး သောက်တလွဲအခြေအနေတွေ အများကြီးထဲကနေ
'နေကင်း'ဆိုပြီး အတွဲလိုက်သတိထားမိလာအောင် ကြိုးစားရတာ မလွယ်ပါဘူး။ မလွယ်ကူတဲ့ အခြေအနေကနေ အခု 270kကျော်ထိ ရောက်လိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူး။ 100kလောက်ပဲမှန်းခဲ့တာပါ။ ဒါ readerတွေကြောင့်လည်း ပါပါတယ်။
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...