'နှလုံးသားရဲ့အလိုတော်အတိုင်း'
🌻အခန်း(၁၀)🌻
'ဘဝကိုကြုံသလိုကျသလို ဖြတ်သန်းသွားလို့မှမရတာ...အကောင်းဆုံးမဟုတ်တောင် ပြည့်ပြည့်စုံစုံလေးရှိနေရင် မကောင်းဘူးလား..အခုကတည်းက နွားလိုရုန်းထားမှ နောင်တစ်ချိန် စိတ်အေးလက်အေးအပန်းဖြေပြီး နေထိုင်ရှင်သန်လို့ရမှာ...'
ရာမစကားကြောင့် စက် မျက်ခုံးတွန့်သွားသော်လည်း သင်္ဂိုရ်က လက်မထောင်ပြ၏။
'စိတ်အေးလက်အေးမနေရသေးခင် နွားလိုရုန်းရင်း သေသွားဦးမယ်..ကြည့်ရုန်း..'
စက်က ဤသို့ထောက်ခံလေ၏။ ရာမမျက်နှာကြီး ရှုံ့မဲ့သွားသည်ကို မှန်ထဲမှမြင်လိုက်ရကာ..
'ဟိုအိန္ဒိယကားထဲက dialogueတစ်ခု မင်း မသိလိုက်ဘူးလား၊ ဆင်းဆင်းရဲရဲ မွေးလာတာ မင်းအပြစ်မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲ သေသွားရင်တော့ မင်းအပြစ်ပဲတဲ့...'
'အေး...မင်း သောက်စကားများနေတာနဲ့ ငါ့ဆံပင်ပုံပျက်သွားရင်လည်း မင်းအပြစ်ပဲ...'
'ကြည့်...စေတနာနဲ့ကိုမတန်တဲ့ကောင်..'
စက်ကို ဆံပင်ညှပ်ပေးရင်း ဆဲရေးလိုက်ပြီးမှ ဘေးမှာ နေရှိနေတာကိုသတိရသွားကာ အားနာနာနှင့်ပါးစပ်ပိတ်လိုက်ရ၏။ ရာမက ကျွမ်းကျင်အဆင့် ဆံသဆရာပီပီ ကပ်ကြေးနှင့်လက်ကို သွက်လက်စွာအလုပ်ပေးနေရပြီး သင်္ဂိုရ်နှင့်နေက ဂိမ်းပြိုင်ဆော့နေကြ၏။
'အခုလည်း မင်းကို ဆံပင်ညှပ်ပေးရင်း ဆံသဆရာအဖြစ်နဲ့ သေသွားတော့မှာ...'
'လိုရင်းပဲပြော ခွေးကောင်.. ယောက်ျားဖြစ်ပြီး မိန်းမလို စကားတွေသိုင်းဝိုင်းမနေနဲ့...'
စက် စကားလမ်းကြောင်းဖွင့်ပေးလိုက်မှ ရာမ ပြုံးဖြီးသွားကာ ဆံပင်ညှပ်ခြင်းကိုလက်စသတ်၍...
'ငါ့ electronic showroomထပ်ချဲ့ဖို့ ရှယ်ယာဝင်ပေးဦးလို့ပြောမလို့...'
'စဥ်းစားဦးမယ်...'
စက်က စနစ်တကျပုံဖော်ထားသည့် ဆံပင်တွေကို တစ်ချက်သပ်ခါချ၍ မိုးကာဝတ်ရုံကိုချွတ်သည်။ နေ့ကို ထိုဝတ်ရုံခြုံပေး၍ စောစောက သူထိုင်ခဲ့သည့်ထိုင်ခုံပေါ်မှာထိုင်စေ၏။
BẠN ĐANG ĐỌC
☀️The Will Of The Heart🌻
Lãng mạnဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...