Unicode
"ရောက်ပြီ"
Seat beltကိုဆွဲဖြုတ်ရင်း ပြောလာတဲ့ ကောင်လေးရဲ့အသံက တက်တက်ကြွကြွ။
ကားကို နေရာတကျဖြစ်အောင် packingထိုးနေသော ဆရာလေးက ဘေးဘက်ကိုတစ်ချက်စောင်းငဲ့ကြည့်ကာ ကောင်လေး၏မျက်ခုံးစပ်များအနီး ပူးကပ်ယှက်နွယ်နေသော ဆံပင်အချို့ကို ဘေးနှစ်ဖက်သို့ အသာအယာသပ်တင်ပေးသည်။
"ခေါင်းမူးနေသေးလား"
မနက်အစောပိုင်းတုန်းက မျက်နှာသိပ်မလန်းသည့်ကောင်ကလေးကြောင့် ဆရာလေးက အရိပ်တကြည့်ကြည့်။
စာဂျပိုးက ပါးချိုင့်လေးတွေခွက်အောင် ပြုံးရယ်လျက် ခေါင်းခါပြသည်။
"အစ်ကို့အချစ်တွေကြောင့် မမူးတော့ပါဘူးဗျ"
အကဲပိုပိုစကားတွေဖြစ်ပေမဲ့လည်း ကြားတိုင်း ဆရာလေးက ကြင်ကြင်နာနာပြုံးတတ်မြဲ။
"အစ်ကို့ရဲ့နေကြာပန်းလေးက စကားတွေအများကြီး ပိုတတ်လာတာပဲ"
နွေးထွေးနူးညံ့သည့် လက်ဖဝါးပြင်တစ်ဖက်က ခပ်ပြေပြေကလေးရှိနေသော ဆံဦးထိပ်အပေါ် ညင်သာစွာ ထိခတ်သွားသည်။
စာဂျပိုးက သွားလေးအဖြီးသားဖြင့် ဆက်တိုက်ပြုံးနေပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
"အစ်ကို ကျွန်တော်တို့ အမြန်ဆင်းကြရအောင်လေ"
နဂိုကပင် စိတ်မြန်လက်မြန်ရှိသော ကောင်ကလေးက ဒီကနေ့မှ ပိုပြီးအလောကြီးနေဟန်။ ပြောပြောဆိုဆိုနှင့်ပင် သူတို့နှစ်ယောက်ကြားတွင် ချထားသော မုန့်ခြင်းတောင်းလေးကို ဆွဲယူသည်။
ကြိမ်နှင့်ပြုလုပ်ထားသော မုန့်ခြင်းတောင်းလှလှကလေး၏ လက်ကိုင်နေရာကို ဖမ်းဆုပ်မိလိုက်စဥ်မှာပဲ သူ့လက်တွေအပေါ် ဖွဖွရွရွအုပ်မိုးလာသည့် လက်တစ်ဖက်။
"အစ်ကို သယ်ခဲ့ပါ့မယ်"
ခပ်ဖွဖွဆွဲညှစ်ခံလိုက်ရတဲ့ နှာခေါင်းထိပ်ဖျားနှင့်အတူ ကြည်ကြည်နူးနူးအပြုံးတွေက နှစ်ယောက်စလုံးရဲ့မျက်နှာထက်မှာ ဝေသွားသည်။
..............................................
အဖြူရောင်သုတ်ထားသည့် နှစ်ထပ်တိုက်အိမ်ကြီးဆီ ဦးတည်သွားနေသည့် စာဂျပိုးခြေလှမ်းတွေက ပုံမှန်ထက် အနည်းငယ်မြန်ဆန်စွာ။ ဆရာလေးကတော့ မုန့်ခြင်းတောင်းနှင့် ပါလာသည့်ပစ္စည်းပစ္စယများကိုဆွဲကိုင်လျက် အနောက်ကနေ ဖြည်းဖြည်းမှန်မှန်လိုက်လာ၏။
YOU ARE READING
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚