"24"

100K 11.1K 1.4K
                                    

Zawgyi ❤

ထိန်ညီးသစ္စာ သူ့လက်ထဲက စာရွက်စာတမ်းအချို့ကို စူးစိုက်ကြည့်နေရင်းမှ ခပ်ပါးပါးလေးပြုံးသည်။

"ဆိုတော့ကာ သူပေါ့"

"ဟုတ်ကဲ့..ဟိုတလောက ဆိုင်ခွဲအသစ်တွေတိုးချဲ့ဖို့ ကျွန်တော်တို့ဝယ်လိုက်တဲ့ မြေကွက်ကိစ္စကြောင့်ဖြစ်ပုံရပါတယ်boss..ကျွန်တော်လွှတ်ထားတဲ့ အတွင်းလူယုံရဲ့စကားအရ ဒီကိစ္စကို ဦးခက်နောင်က အတော်အခဲမကျေ ဖြစ်နေတယ်လို့ သိရပါတယ်"

"ဦးခက်နောင် ဦးခက်နောင်"

ထိန်ညီးက ထိုင်နေရာမှ ထလိုက်ပြီး တစ်စုံတစ်ခုကို အကြံထုတ်နေဟန်ပြု သည်။

"သူ့ရဲ့ ASE project အစည်းအဝေးထိုင်မယ့်နေ့က ဘယ်နေ့လဲ"

"လာမယ့် တနင်္ဂနွေနေ့ပါ boss"

"သန့်သန့်ပြန့်ပြန့် လူတစ်ယောက်ရှာပြီး အဲဒီအစည်းအဝေးမှာ ရှယ်ယာအများဆုံးရအောင် မင်းကစီမံလိုက်..ကျန်တာ ငါကြည့်ရှင်းမယ်"

"ကျွန်တော် အခုပဲသွားလုပ်လိုက်ပါ့မယ်"

အတွင်းရေးမှူးက အရိုအသေပေးကာ ပြန်ထွက်သွားသည်။ထိန်ညီးက စားပွဲကို လက်ဖြင့် အတန်ကြာအောင် တတောက်တောက်ခေါက်နေရာမှ ရပ်လိုက်ပြီး ဖုန်းနံပါတ်အချို့ကို နှိပ်ကာ အမိန့်ပေးညွှန်ကြားမှုများပြုသည်။

အားလုံးပြီးစီးသွားသောအခါ ခေါင်းကို ဘယ်ညာချိုးလျက် လည်ပင်းက နက်ခ်တိုင်ကြိုးကို အနည်းငယ်ဖြေလျှော့ချလိုက်သည်။

"ဒါ အိုအေစစ်ကလေးရဲ့ ပွန်းပဲ့နာကျင်မှုအတွက် ခင်ဗျားပေးရမယ့် ထိုက်တန်တဲ့ လျော်ကြေးပဲ"

နောက်နှစ်ပတ်အကြာတွင် ASE projectခွက်ခွက်လန်အောင်ရှုံးခြင်း ၊ဦးခက်နောင်၏ Asia Star ကုမ္ပဏီ ဒေဝါလီခံရခြင်းနှင့် ငွေအလွဲသုံးစားလုပ်မှုကြောင့် ထောင်ဒဏ် ၁၅နှစ်ကျခံရခြင်းတို့က သတင်းစာများ၊ Social mediaများတွင် ရှေ့ဆင့်နောက်ဆင့် ပလူပျံသွားလေတော့သည်။

..........................💕

"စာဂျပိုး မင်းဘာဖြစ်နေတာလဲ"

တစ်မနက်လုံး ပြုံးပြုံး ပြုံးပြုံးနှင့် ဖြစ်နေသော စာဂျပိုးကို သူတို့သုံးယောက်လုံးသတိထားမိနေရာမှ ချစ်တီးက မနေနိုင်မထိုင်နိုင် ထမေးသည်။

My DuDuDin ♡Where stories live. Discover now