"23"

96.5K 11K 1.6K
                                    

Zawgyi  ❤️

"လူနာ သတိရလာပြီ"

Nurse တစ်ယောက်၏ အော်သံအဆုံးတွင် သူ့ထံပြေးလာနေကြသော ခြေသံအချို့ကို သဲ့သဲ့ကြားရသည်။ကိုက်ခဲနေသောခေါင်းကို လျစ်လျူရှု၍ ကျိန်းစပ်နေသော မျက်လွှာတို့ကို အားယူပြီးဖွင့်မိသည်။

ကောင်လေး...
သူ့ကောင်လေး ဘယ်မှာလဲ။

ပတ်ပတ်လည် ဝေ့ဝဲရှာကြည့်သော်လည်း သူ့အိုအေစစ်လေးကို မတွေ့ရ။စိုးရိမ်စိတ်တို့နှင့်အတူ သူ့ဘေးက pressureတိုင်းရန် အလုပ်ရှုပ်နေသော ဒေါက်တာ၏လက်ကို ဖမ်းဆွဲလိုက်သည်။

"ကောင်လေးရော..ကျွန်တော်နဲ့အတူပါလာတဲ့ကောင်လေးရော"

"ဟိုဘက်ခန်းမှာ ရှိပါတယ်"

ဝုန်းခနဲကုန်းထလိုက်ပြီး လက်မှာတပ်ထားသော ဆေးပိုက်တွေကို ဆွဲဖြုတ်လိုက်သည်။

"လူနာ..ဒီလိုလုပ်လို့မဖြစ်ပါဘူး..သွေးထွက်လွန်ထားတာမို့ အန္တရာယ်ရှိပါတယ်..ပြန်လှဲချပေးပါ"

တားနေသော ဆရာဝန်စကားသည်လည်း နားထဲမဝင်။ဆွဲရမလို၊မဆွဲရမလိုဖြင့် ဗျာများနေသော nurseတွေကိုလည်းမမြင်နိုင်။သူ့ခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံတစ်ခုကသာ ကျယ်လောင်စွာ အထပ်ထပ်အခါခါမြည်ဟည်းနေသည်။

ကောင်လေး..ငါ့ကောင်လေးကို သွားတွေ့ရမယ်။

ကိုက်ခဲနေသောခေါင်းက ရုတ်တရက် အထမှာ မိုက်ခနဲဖြစ်သွားသည်။မလဲကျစေရန် ကုတင်ခြေရင်းကို ထိန်းကိုင်ထားရင်း ခေါင်းကြည်လိုကြည်ငြား တစ်ချက်ခါလိုက်သည်။

"လူနာ လှုပ်ရှားလို့မရသေးပါဘူး.. လမ်းလျှောက်လိုက်ရင် ဒဏ်ရာက သွေးတွေပြန်ထွက်လာပါလိမ့်မယ်"

"သူ့ကိုတွေ့ချင်တယ်"

"ဟိုဘက်ခန်းကလူနာလား..စိတ်ပူစရာမရှိပါဘူး..နည်းနည်းပါးပါး ပွန်းပဲ့သွားရုံလောက်ပါပဲ"

ပွန်းပဲ့သွားတယ်တဲ့လား။နာမှာစိုးလို့ အသည်းယားမိတိုင်း သူတောင် မဖျစ်ညှစ်ရဲတဲ့ ကောင်လေးကလေ....။

"လှုပ်လှုပ်ရှားရှားလုပ်လို့ မရသေးပါဘူး..သွေးပေါင်ချိန်တွေ ထိုးကျနေပါတယ်..ကျေးဇူးပြုပြီး ဆေးကုသမှုကို ငြိမ်ငြိမ်လေးခံယူပေးပါ"

My DuDuDin ♡Where stories live. Discover now