"44"

77.6K 8.4K 1K
                                    

Zawgyi ❤️

ကားလေးက လမ်းမထက် တရိပ်ရိပ်ပြေးနေသည်။

"မေမေက သူ့သားဖြစ်တဲ့ အစ်ကို့ထက် မင်းကိုပိုချစ်နေတာ သိရဲ့လား..တစ်ပတ်မှာ သုံးရက်လောက်မမြင်ရရင်ကို သူ့မှာနေမထိထိုင်မသာတွေဖြစ်လို့"

ကားမောင်းနေရင်းမှ အစ်ကိုက အပြုံးရေးရေးလေးဖြင့်ဆိုသည်။အစ်ကို့ကို ပြန်စောင်းငဲ့ကြည့်ရင်း အောင်နိုင်သူတစ်‌ယောက်လို ပြုံးပစ်လိုက်သည်။

"အစ်ကိုက လိမ်မှမလိမ်မာဘဲ"

သူ့စကားကိုကြားတော့ အစ်ကိုက သဘောတကျဖြင့် တဟားဟားအော်ရယ်သည်။

"အစ်ကိုကဘာလုပ်နေလို့လဲ မျောက်ရှုံးလေးရဲ့"

"ဖေဖေနဲ့မေမေကို အိမ်မှာအကြာကြီးပစ်ထားတယ်လေဗျာ"

အားရပါးရအပြစ်ဆိုနေသောသူ့ကို အစ်ကိုက အသည်းယားသလိုကြည့်လာရင်း နဖူးလေးကို လက်နှစ်ချောင်းနှင့် မနာအောင်တောက်သည်။

"ဟုတ်ပါပြီ အစ်ကိုကမလိမ်မာဘူး.. ဟုတ်ပြီလား"

ခေါင်းညိတ်ပြလိုက်တော့ အစ်ကိုက ရယ်ပြန်သည်။

"အစ်ကို့ကိုအများကြီးမချစ်ချင်နေပါစေ..မင်းကိုချစ်ပေးရင်တော်ပြီ"

စကားတွေအများကြီးနှင့်ရှင်းပြနေစရာမလို။အပိုမပြောတတ်သော အစ်ကို၏ ပြောစကားတိုင်းတွင် သူ့အပေါ်ထားသောမေတ္တာရိပ်တို့က အတိုင်းသားထင်ဟပ်နေလေ့ရှိသည်။

"ကျေးဇူးတင်ပါတယ်"

ရုတ်တရက်ကြီးဆိုလိုက်သော ကျေးဇူးတင်စကားကြောင့် အစ်ကိုက အထူးအဆန်းလို လှည့်ကြည့်လာသည်။

"ကျွန်တော်မျှော်လင့်ထားတာထက် အများကြီး အများကြီး ပြန်ချစ်ပေးခဲ့လို့ပါ"

ဘေးမှာချထားသော လက်ကလေးတစ်ဖက်ဟာ နွေးထွေးတဲ့လက်ဖဝါးတွေဆီ အလည်ရောက်သွားခဲ့ရပြီး အစ်ကိုက သူ့မျက်လုံးတွေဆီ နူးနူးညံ့ညံ့လေးစိုက်ကြည့်လာသည်။

"လူတွေအများကြီးထဲကမှ အစ်ကို့ကိုရှာတွေ့ပေးခဲ့ပြီး သဘောကျပေးခဲ့တဲ့ မျောက်ရှုံးလေးကို အစ်ကိုကလည်း ကျေးဇူးအများကြီးတင်ပါတယ်"

My DuDuDin ♡Where stories live. Discover now