"2"

179K 15.8K 3.9K
                                    

Zawgyi

" ဖြစ်ပါ့မလားကွ "

"ဖြစ်မယ်ထင်တာပဲ..ငါ့အဘဆိုလွန်းလို့ နည်းနည်းတော့ နားရည်ဝထားတယ် "

"အဲဒါဆို ငါတို့က နည်းနည်းအရန်သဘောလေးပဲ ဆိုမယ်.. မင်းကဦးဆောင်ဆိုလိုက်ကွာ "

ချစ်တီးက အဆိုတင်သွင်းသည်။

"အေး ကြောက်စရာမရှိပါဘူးကွာ.. ငါတို့မှားလည်း ဘယ်သူမှမသိပါဘူး.. တီးလုံးနဲ့ဆိုမှာပဲ.. flowအတိုင်းလိုက်ရွှီးကြတာပေါ့ " ဟု
စာဂျပိုးကလည်း ခပ်မြူးမြူးဆို၏။

"အခုတင်ဆက်မယ့် အလှည့်ကျသူကတော့ Mechanical majorက ချစ်စရာကောင်လေး ၄ယောက်ပဲ ဖြစ်ပါတယ်ရှင်..ထူးခြားတာကတော့ ဒီမောင်လေး၎ယောက်က ဒီshowမှာ ဘယ်သူမှ မဖျော်ဖြေရသေးတဲ့ မြန်မာသီချင်းကြီးတစ်ပုဒ်နဲ့ ဖျော်ဖြေသွားမှာပါ.. kpop dance, ခေတ်ပေါ်အကတွေ နဲ့ ခေတ်ပေါ်သီချင်းတွေချည်းပဲ တင်ဆက်ခဲ့လို့ ပျင်းနေကြပြီဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဦးမင်းအောင် ရဲ့ "ရဝေ" သီချင်းကို ပြန်လည်ဆန်းသစ်မယ့် Mechanical major ကို အားပေးလိုက်ကြရအောင်လားရှင် "

Electronic engineering major 3rd yearမှ MC ဖြစ်သူ မမ ၏ announcement အပြီးတွင် လက်ခုပ်သံများ၊ ရွှီးမှုတ်သံများနှင့်တကွ ရှေ့ဆုံးတွင်ထိုင်နေကြသော ပါချုပ်ကြီး နှင့် ဌာနမှူးများ၊ ဆရာ/မများကပါ စိတ်ဝင်တစားဖြစ်လာကြပုံပင်။

သူတို့၎ယောက် high five လုပ်ကာ stageရှိရာသို့ သွားကြတော့ အချင်းချင်းတွတ်ထိုးပြောနေကြသော စကားသံများကို သဲ့သဲ့ ကြားနေရသည်။

"ဟဲ့ ချစ်စရာလေးတွေပါလား "

"အူယားလိုက်တာ ငါ့မောင်လေးတွေသာ ဖြစ်လိုက်ပါတော့ "

"ရှေ့ဆုံးက တစ်ယောက်ဆို ဆံပင်ကိုဘိုကေလေး ညှပ်ထားသေး.. အုန်းဆီလေးကလည်း ရွှဲလို့..အား ဒီကမမ heartထိသွားပြီ "

"မဟားတရားကြီးကို ချစ်ဖို့ကောင်းတာပါဟယ် "

ဒါကတော့ senior မမတွေရဲ့ နှာဘူးစကားသံ အဲလေ ချီးကျူးစကားသံတွေဖြစ်ပါသည်။

Stageပေါ်ရောက်တော့ လွန်းမြတ်သာဒင်က မိုက်ခ်ကို ဟန်ပါပါကိုင်ကာ...

My DuDuDin ♡Where stories live. Discover now