Zawgyi ❤️
တစ်မိုးပြောင်း၍ တစ်ဆောင်းသို့ရောက်ခဲ့ပြီဖြစ်သည်။ဝဿန်၏မိုးစက်မိုးပွင့်တို့က လက်ပြနှုတ်ဆက်၍ထွက်ခွာသွားပြီးသောအခါ ဆောင်းဦးကာလ၏ ရှေ့ပြေးအငွေ့အသက်တို့က အပြေးအလွှားဝင်ရောက်နေရာယူသည်။
လှပသောဆောင်းဦး၏ မင်္ဂလာနံနက်ခင်း။
နေခြည်နွေးနွေးက ကတ္တီပါခင်းသော လျှောက်လမ်းလေးထံ ဝဲဖြာကျလျက်ရှိသည်။
လေပြည်ညင်းတို့ကလည်း ဝေ့ဝဲတိုက်ခတ်ကာ သာယာပျော်ရွှင်ဖွယ် မင်္ဂလာသတင်းအား လောကဓာတ်တစ်ခွင်လုံးထံ လက်ဆင့်ကမ်းနေကြသည်။
ပန်းကလေးများက အချင်းချင်း နူးညံ့စွာစကားဆိုလျက်။
ရောင်စုံဖြာသော ငှက်ငယ်လေးများကတော့ ဝေဟင်ထက်တွင် မင်္ဂလာတေးသီချင်းကို သံပြိုင်ကျူးရင့်လျက်ရှိသည်။
မိဘရိပ်မြုံဂေဟာငယ်၏ အဝင်ဝမှစ၍ ကတ္တီပါလျှောက်လမ်းမ ဆုံးသည်အထိ ဘေးတစ်ဖက်တစ်ချက်စီတွင် အုံကြွနေသော နှင်းဆီဖြူလှလှတို့က ပန်းအိုးအလိုက်စီစီရီရီဖြင့် သူ့ထက်ငါအလှချင်းပြိုင်လျက် အချင်းချင်းရန်စောင်နေကြသည်။
ပိုးသားကတ္တီပါလျှောက်လမ်းမလေးအဆုံးတွင် လှေကားထစ်ငယ်သုံးထစ်သာရှိသော အဖြူရောင်စင်မြင့်သေးသေးလေးက ချစ်စဖွယ်ကောင်းလှစွာ။
မင်္ဂလာအချိန်နီးလာသောအခါ အဖြူရောင်ဂါဝန်လေးများဝတ်ဆင်ထားကြသည့် သမီးငယ်လေးများက လက်ချင်းတွဲလျက် ဂေဟာအတွင်းမှ ပြေးထွက်လာကြသည်။အဖြူရောင်အနောက်တိုင်းဝတ်စုံများကို စမတ်ကျစွာဝတ်စားထားသည့် သားငယ်လေးများကလည်း နက်ခ်တိုင်ကြိုးကို တင်းလိုက်လျှော့လိုက်ဆော့ကစားရင်း ဟိုဟိုသည်သည်ပြေးလွှားနေကြသည်။
ဂေဟာမှူးက သုတ်သုတ်ပျာပျာနှင့်ထွက်လာကာ ကလေးငယ်များကို သတ်မှတ်နေရာတွင် အသီးသီးနေရာချပေးရင်း အလုပ်ရှုပ်နေစဉ် ခြံဝသို့ကားတစ်စီးရောက်လာသည်။
![](https://img.wattpad.com/cover/236376850-288-k741410.jpg)
YOU ARE READING
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚