"31"

87.2K 9K 1K
                                    

Zawgyi ❤️

ဒူရင်းအူရင်းဖြင့် ဒူဒူစကွက်သည်ပင် တတိယနှစ်မှ seniorကိုကိုကြီးများ ဖြစ်လာခဲ့ကြပြီဖြစ်သည်။

တစ်စုံတစ်ယောက်သည် အနှီဒူဒူစကွက်အား သတိထားစောင့်ကြည့်မိမည်ဆိုပါက သွားလေရာ စာအုပ်တကိုင်ကိုင်နှင့် ဟိတ်ကြီးဟန်ကြီးထုတ်နေကြသော မူကြိုစကွက်ကို အသည်းယားဖွယ် တွေ့မြင်ကြရမည်ဖြစ်ပေသည်။

ယခုလည်း ကြည့်ပါ။
များမကြာမီအချိန်တွင် ကျရောက်လာတော့မည့် Mechanicalမေဂျာမှ ပထမနှစ်ညီငယ်၊ညီမငယ်များ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် အစ်ကိုကြီးများပီသစွာ ရှေ့မှဦးဆောင်ဦးရွက်ဖြင့် အားကြိုးမာန်တက်ဆောင်ရွက်နေကြသော ဒူဒူစကွက်ကို အားကိုးချင့်စဖွယ် တွေ့မြင်ကြရမည်ဖြစ်သည်။

"ထိုင်ခုံတွေ လောက်ပြီလား"

"ပန်းအလှဆင်ဖို့ လုပ်ကြပါဦးဟ"

"စာဂျပိုးနဲ့ချစ်တီး မင်းတို့က ဖျော်ဖြေရေးမှာပါမယ့် လူစာရင်းတွေ သွားကောက်လိုက်ဦး"

သို့နှင့် အချိန်ယူပြင်ဆင်ခဲ့သော Mechanical major၏ fresher welcomeသည် ပွဲစီစဉ်ကြီးကြပ်သူများဖြစ်ကြသော ဒူဒူစကွက်ကြောင့် လုပ်သမျှmajor welcomeများအနက် လူအစည်ကားဆုံးwelcomeဖြစ်လာခဲ့သည်။

"မင်္ဂလာပါခင်ဗျ"

သာဒင်နှင့်တရားသမားက ရောင်စုံစက္ကူအပိုင်းအစလေးများဖြင့် Fresher Welcomeဟု ရေးကပ်ထားပြီး စက္ကူပန်းအလှလေးများ၊အသည်းပုံစတစ်ကာများဖြင့် အလှဆင်ထားသော ဆိုင်းဘုတ်အနီးတွင် မတ်တတ်လေးရပ်လျက် လာသမျှလူတိုင်းကို လက်အုပ်လေးချီကာ နှုတ်ခွန်းဆက်လျက်ရှိသည်။

"ပွဲမစခင် ဓာတ်ပုံလှလှလေးတွေ ရချင်သူများအတွက် photo boothလေးတွေ လုပ်ပေးထားပါတယ်ခင်ဗျ...ဓာတ်ပုံရိုက်ချင်ရင် ရိုက်လို့ရပါတယ်"

သာဒင်၏စကားအဆုံးတွင် photo boothများအနီးတွင် လူများအုံသွားတော့သည်။

"မောင်လေးသာဒင် အစ်မနဲ့ဓာတ်ပုံတစ်ပုံလောက် တူတူရိုက်ပေးပါလား"

My DuDuDin ♡Where stories live. Discover now