Warning!!
Unicode
Yangon International Airport
လူများ ပျားပန်းခပ်မျှများပြားလှသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး၏ Premium loungeအတွင်းတွင် အေးအေးလူလူထိုင်နေကြသော ကောင်လေးနှစ်ယောက်။
တစ်ယောက်က စားပွဲပေါ်မှ chocolate cakeကို အစိတ်သေးသေးလေးတွေဖဲ့လိုက်၊ ပါးစပ်ထဲထည့်လိုက်ဖြင့် အလုပ်များနေတာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ မိမိမျက်စိရှေ့ကလူကို ပြုံးယောင်ယောင်နှုတ်ခမ်းပါးတို့နှင့် တစိုက်မတ်မတ် စိုက်ကြည့်နေတာဖြစ်၏။
"ကုန်သွားပြီ ဟီးဟီး"
ခေါင်းလေးကိုမော့ရင်း အစီရင်ခံသလိုဆိုလာသည့် လူကြီးပေါက်စလေးက ချစ်စရာ။
မျက်နှာအောက်ဘက်ကို အကြည့်ရောက်တော့ tissueကိုင်ထားသည့် Alex၏လက်တစ်ဖက်က cheeseပေနေသည့် နှုတ်ခမ်းလုံးလုံးလေးတွေဆီ ခပ်မြန်မြန်အရှိန်နှင့်တိုးကပ်သွားသည်။
"ဗိုက်ဝပြီလား..ထပ်စားအုံးမလား"
ကြင်ကြင်နာနာမေးမိတော့ သွားတွေမပေါ်အောင်ပြုံးရင်း ခေါင်းခါ၏။
"အပေါ်ရောက်မှ ထပ်စားတော့မယ်"
မျှော်လင့်ထားပြီးသားစကားဖြစ်၍ Alexက ခေါင်းကိုငုံ့ကာ ခပ်တိုးတိုးရယ်သည်။
ဆယ့်နှစ်ရာသီလုံး အစားအသောက်အကြောင်းသာတွေးနေတတ်သည့် ထိုအပေါင်ဆိုင်ပိုင်ရှင်လေးဟာ ဘယ်လောက်ပဲစားစား အလွန်အမင်း ဝလာသည်ဟူ၍မရှိ။ ဒီတိုင်းဖက်လို့ကောင်းသည်ဆိုရုံလောက်သာ လုံးလုံးပြည့်ပြည့်ကလေး။
အညိုဖျော့ရောင် Sweatshirt နှင့် light blueရောင် loose jeanလှလှက ထိုလုံးလုံးပြည့်ပြည့်ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်စွာ။ ဘောင်းဘီက oversizeဖြစ်နေတာကြောင့် အနည်းငယ်ပွယောင်းယောင်းပုံသဏ္ဌာန်ပေါက်ကာ ခြေထောက်တွင်စီးထားသော sneakerပေါ်တွင် ပုံပုံကလေးကျနေတာက အသည်းယားချင်စရာလေးဖြစ်သည်။
"တစ်ခုခုသောက်အုံးမလားကိုကို..အချိန်နည်းနည်းလောက်ရသေးတယ်"
လက်ကနာရီကို တစ်ချက်ကြည့်ရင်း သေသေချာချာမေးလိုက်သည်။ Check inလည်း ဝင်ထားပြီးပြီမို့ ဘာမှစိုးရိမ်စရာမရှိ။ First classကမို့ လေယာဉ်တက်ချိန်တွင် နောက်ကျမှ တက်လိုက်လျှင်လည်း ဖြစ်သည်သာ။
YOU ARE READING
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚