Zawgyi ❤️
နံနက်၉နာရီလောက်တွင် ဂုတ်ထိပ်တံတားသို့သွားရန် Villaမှ ထွက်ခဲ့ကြသည်။လမ်းတစ်လျှောက်တွင် အဝေးသို့ မျှော်ကြည့်လိုက်ပါက သာယာလှပသော ရှုခင်းများ၊စိမ်းစိုတောက်ပနေသော တောင်တန်းများနှင့် မတ်စောက်သောချောက်ကမ်းပါးတို့ကို စိတ်လှုပ်ရှားချင့်စဖွယ် တွေ့မြင်ကြရမည်ဖြစ်ပေသည်။
မြေသားလမ်းလေးများကို ချိုးကွေ့၍ ဝင်လာပြီးသောအခါ နောက်ဆုံးတွင် အဓိကဦးတည်ရာဖြစ်သော ဂုတ်ထိပ်တံတားကြီးသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ပထမဆုံးအကြိမ်ရောက်ဖူးသော ကျောင်းသားများမှာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် နေရာသစ်၊ဒေသသစ်ကို စူးစမ်းလေ့လာနေကြပြီး အတွေ့အကြုံရှိသော ကျောင်းသားများကမူ မိမိတို့တတ်သိသလောက်ကို ရှင်းပြ၊ပြောပြရင်း အသစ်ကလေးများအား ကူညီလမ်းညွှန်ပေးလျက်ရှိသည်။
"အားလုံး ဒီမှာစုကြဟေ့ group photoရိုက်ရအောင်"
Viewကောင်းသောနေရာတစ်ခုတွင် တံတားကြီးကိုနောက်ခံထားလျက် အုပ်စုလိုက်ပုံများရိုက်ကြသည်။နေပူပူတွင် ချွေးများရွှဲနေကြသော်လည်း စ ရင်းနောက်ရင်းဖြင့် မမောနိုင်မပန်းနိုင်ကြ။SUဥက္ကဌ ကိုမျိုးဆက်က ကျောင်းသူ/သားများအား ဗဟုသုတရစေရန်အလို့ငှာ ဂုတ်ထိပ်တံတားကြီး၏ အတ္ထုပ္ပတ္တိကို အနည်းငယ်ရှင်းလင်းပြောပြပေးသည်။
"သီပေါမြို့နယ်မှာ ဟိုကွတ်လို့ခေါ်တဲ့ရွာတစ်ရွာရှိတယ်..ဘာလို့ ဟိုကွတ်လို့ ခေါ်ကြသလဲဆိုတော့ အဲဒီနေရာမှာ မြစ်ချောင်းတွေက ငုပ်လျှိုးပျောက်ကွယ်သွားကြတာကို အစွဲပြုပြီး ခေါ်ကြတာဖြစ်တယ်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ၃မှာ ဖော်ပြထားတယ်..အဲဒီရွာအနီးနားက နမ့်ပဆေးမြစ်ဟာ မြေကြီးထဲကို ငုပ်လျှိုးသွားပြီး တခြားတစ်နေရာရောက်မှ မြစ်ကြောင်းပြန်ပေါ်လာတဲ့အတွက် နမ့်ပဆေးမြစ် ငုပ်သွားတဲ့ ထိပ်နေရာလို့ရည်ညွှန်းပြီး အဲဒီနေရာကို ငုပ်ထိပ်ကျေးရွာဆိုပြီး ခေါ်ခဲ့ကြတယ်..ကြာလာတော့ ငုပ်ထိပ်ကနေ ဂုတ်ထိပ်ဆိုပြီး ဖြစ်လာခဲ့တာပဲ"
ကျောင်းသူ/သားများက တံတားကြီးကို ဓာတ်ပုံတဖျတ်ဖျတ်ရိုက်နေကြရင်းမှ ကိုမျိုးဆက်စကားကို စိတ်ဝင်တစားနားထောင်နေကြသည်။
YOU ARE READING
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚