"17"

106K 12.5K 1.6K
                                    

Zawgyi❤️

"ဘူးသီးကလေး ဝတုတ်တုတ်
ညီညီ ဖိုးဝရုပ်
ခေါင်းစုတ်ဖွားနဲ့ ကိုကိုရယ်
ပြောင်းဖူးနဲ့တူတယ်
လှချင်လွန်းလို့ ကြက်တောင်စီး
မီးမီး နာနတ်သီး
ပိန်ပိန်သေးသေးအရပ်ရှည်
ဖေကြီး ပဲလင်းမြွေ
ဆူးတွေခြုံလို့ ဒေါသကြီး
မေမေ ဒူးရင်းသီး"

ကလေးငယ်များနှင့် သံပြိုင်ဆိုကာ ရှေ့မှဦးဆောင်၍ ကနေသော ဆရာပေါက်စလေးကိုကြည့်ရင်း နှုတ်ခမ်းထက် အပြုံးနုနုတို့က အလုအယက် ဝင်ရောက်နေရာယူသည်။ချစ်ဖို့ကောင်းမှုကြီးက ကလေးများနှင့်အပြိုင်။
ဟင့်အင်း။ကလေးများထက်ပင် ပိုချစ်စရာကောင်းမည်ထင်သည်။

ဒေါသကြီးသော ကောင်ကလေးသည် သူ့ထံသို့ အလုအယက်တိုးဝှေ့၍ဖက်တွယ်လာကြသော ကလေးငယ်များကိုမူ ရင်ဖွင့်ကြိုရင်း ပါးချိုင့်လေးများခွက်သည်အထိ ပြုံးပျောနေရှာသည်။မြင်ကွင်းက သိပ်လှနေတော့လည်း ဖုန်းထုတ်၍ ဓာတ်ပုံခိုးရိုက်မိပါသည်။

"မနက်ဖြန်လည်း လူစုံအောင်လာရမယ်နော်"

စာသင်အပြီး သူမှာတော့ ကလေးများက ခေါင်းလေးများညိတ်ကြရင်း...

"ဆရာသေးသေးလေးလာရင် လာမှာ"

ပြုံးမိပြန်သည်။မျောက်ရှုံးကောင်လေးသည် ကလိုက်၊စာသင်လိုက်၊သီချင်းသင်လိုက်၊ပုံပြင်ပြောလိုက်ဖြင့် အမာခံပရိသတ်အများအပြား စုစည်းလိုက်နိုင်ပြီဖြစ်သည်။ယခင်က ကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းမလာချင်ကြသော ကလေးများပင်လျှင် ဤရက်ပိုင်းများအတွင်း အစုံအလင် တက်တက်ကြွကြွ။သူတို့ဆရာသေးသေးလေးကို သိပ်ချစ်ကြပုံပေါ်သည်။

"လာမှာ လာမှာ..မနက်ဖြန်ကျ အတွဲဖြတ်တမ်းဆော့ကြမယ်နော်"

"ယေး......."

ကလေးများက ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ပြန်သွားကြသည်။ဘေးကနေ၍ သူ့ကိုပြုံးကြည့်နေသော ကောင်ငယ်လေးကို စောင်းငဲ့ကြည့်မိသည်။ဖြူနုနုမျက်နှာလေးက နီစပ်စပ်အသွင်သို့ ကူးပြောင်းစပြုနေပြီ။နဖူးထက် ချွေးစတို့က ဟိုတစ်စဒီတစ်စ။ဒီကလေး သိပ်ပင်ပန်းနေရှာရော့မည်။

My DuDuDin ♡Where stories live. Discover now