"21"

104K 11.6K 1.8K
                                    

Zawgyi

အမှတ်ခြစ်နေရင်းမှ "တောင်"ခနဲ မြည်သံနှင့်အတူ  လင်းလာသော ဖုန်းမျက်နှာပြင်ကြောင့် စားပွဲပေါ်ရှိ ဖုန်းထံအကြည့်ရောက်သည်။ဘယ်က messageမှန်းတောင် သတိမထားသေးဘဲ ဖုန်းမျက်နှာပြင်ထက် နေရာယူထားသော ကောင်ကလေးကို သတိလက်လွတ်ငေးမိသည်။

"🎶တိုင်းပြည် တာဝန်ထမ်းရင်း ချစ်တဲ့သူကို လွမ်းရင်း..🎵"

ဖွင့်ထားသော သီချင်းသံတိုးတိုးက သူ့နားစည်ထဲ တိုက်တိုက်ဆိုင်ဆိုင်လွင့်ပျံ့လာတော့ မချိပြုံးကို ဖွဖွပြုံးမိသည်။အင်္ကျီအိတ်ထဲ အမြဲဆောင်နေကျဖြစ်သော လက်ကိုင်ပဝါအဖြူလေးကို ထုတ်ပြီး နင့်နင့်သည်းသည်းနမ်းလိုက်မိတော့ တစ်ချိန်တုန်းက ကောင်လေးရဲ့ နဖူးပေါ်ကချွေးစတွေ၊ပါးပြင်ထက်က မျက်ရည်တွေကို ပြန်မြင်ယောင်လာသလိုလို။

မျောက်ရှုံးလေးနဲ့ ပတ်သက်တဲ့အရာဆိုလို့ ဒီတစ်ခုပဲ ကျန်ရစ်ခဲ့တာဖြစ်၍ လွမ်းတိုင်းထုတ်နမ်းမိတာ သူမလွန်ဘူး ထင်သည်။

မင်းရော ကိုယ့်ကိုသိပ်လွမ်းနေမလား ကလေးငယ်။

.........................................

"ဒူ ဒူ ဒူ"

ကျောင်းပိတ်ရက်ဖြစ်သောကြောင့်  အိပ်ရေးဝဝအိပ်နေသောသာဒင့်ကို ကုတင်ခေါင်းရင်းနားမှ phone vibration သံက လှုပ်နိုးသည်။မျက်လုံးမဖွင့်ဘဲ ဖုန်းလိုက်စမ်းတော့ တော်တော်နှင့်မတွေ့။စိတ်ပျက်ပျက်နှင့် မျက်လုံးတစ်ဖက်ကို အတင်းပြူးပြဲဖွင့်ကာ ရှာရသည်။

"အမိန့်ရှိပါခင်ဗျ..လွန်းမြတ်သာဒင်လို့ခေါ်ပါတယ်"

အိပ်ချင်မူးတူး အာလေးလျှာလေးသံဖြင့် တစ်လုံးချင်းကို မနည်းပီအောင်ပြောလိုက်တော့ တစ်ဖက်က တိတ်ဆိတ်နေမြဲ။

ဘာလဲ။ဒီလူက ငါ့လိုပဲ အိပ်ချင်လွန်းလို့ ဖုန်းခေါ်ရင်း အိပ်ပျော်သွားတာများလား။

စိတ်တိုတိုနဲ့ ဖုန်းကိုပစ်ချတော့မည်ပြင်လိုက်စဉ်မှာပဲ

"လွန်းမြတ်သာဒင်"

နေပါဦး။ဒီအသံကို ရင်းရင်းနှီးနှီးကိုသိနေပါတယ်။ဘယ်သူပါလိမ့်။

My DuDuDin ♡Where stories live. Discover now