"34"

78.4K 9.1K 601
                                    

Zawgyi ❤️

Aprilလ ၇ရက်နေ့။

ယနေ့တွင် ကျောင်းသား/သူများ မျှော်လင့်တကြီးဖြင့် အားခဲထားကြသော WYTU၏ ကျောင်းသင်္ကြန်အခါသမယသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့ပြီဖြစ်သည်။

တန်းစီ၍ဆောက်ထားသော မဏ္ဍပ်ငယ်လေးများတွင် အုန်းလက်နှင့်ပိတောက်ခက်တို့က ဝေဝေစီလျက်။

ခန့်ညားထည်ဝါစွာ ဆောက်လုပ်ထားသော စင်မြင့်ကြီးထက်တွင်မူ

West Yangon Technological University

Water Festival

ဟူသော စာလုံးများက နေရာတကျ လှလှပပ။

ပိတောက်ရနံ့တို့က တသင်းသင်း။နေရောင်ခြည်အောက်တွင် ရေစက်အမှုန်အမွှားတို့က တဝင်းဝင်း။

လတ်ဆတ်သည့်လေပြည်အေးကလည်း ကြည်လင်ရွှင်မြူးဖွယ် ဤသမယ၌ ပါဝင်ဆင်နွှဲချင်သည့်နှယ် ကျောင်းသားများအကြား ဟိုဟိုသည်သည် ပြေးလွှားလျက်ရှိသည်။

🎵မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ....

တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ..

ခေါင်းကလေးမော့လို့
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ....🎵

ကျောင်းဝတ်စုံလေးများဖြင့် လှသွေးကြွယ်နေကြသော လှပျိုဖြူလေးများက ပိတောက်ပန်းခက်လေးများကို နားသယ်စပ်တွင်ထိုးနေရင်းမှ မခို့တရို့လေးပြုံးသည်။

ကျောင်းသားများကလည်း သဘောကျနှစ်သက်ရသူမိန်းကလေးအားမကြာခဏ မျက်စပစ်၍ ဦးဆုံးရေလောင်းရရန် ရွယ်လျက်ရှိသည်။

ပန်းကုံးလှလှများ ဆင်ယင်ထားသော ချစ်စရာပျိုမဒီများ၏ အဖွင့်ယိမ်းအက အပြီးတွင် ရှေ့တွင်ထိုင်နေကြသော ဆရာ/မများပါ ရေများရွှဲရွှဲစိုကုန်သည်။

ဆုတံဆိပ်များ စီစဉ်ထားခြင်းကြောင့် မေဂျာအသီးသီးမှ ယိမ်းအကအလှများကလည်း သူ့ထက်ငါ အပြိုင်အဆိုင်။

My DuDuDin ♡Where stories live. Discover now