"25"

99K 10.8K 2.3K
                                    

Zawgyi ❤️

မျက်နှာချင်းဆိုင်လျက် အတန်ကြာအောင် အားပြိုင်နေကြသော မျက်ဝန်းနှစ်စုံ။နောက်ဆုံးတော့ ဦးဘုန်းမြတ်ကပဲ အရင်မျက်နှာလွှဲလိုက်ရသည်။

"အသစ်အဆန်းတွေရှာချင်ရင် အဲဒါမဟုတ်ဘဲ အများကြီးရှိတယ်ဆိုတာ မင်းသိတယ်မို့လား Alex"

"အသစ်အဆန်းရှာချင်တယ်လို့ ပြောမိလို့လား"

ပျင်းတိပျင်းတွဲနှင့်အလေးမထားဟန်ပေါက်နေသောစကားသံက ကြားလိုက်ရသူတိုင်းအတွက် နားဝင်ပီယံဖြစ်ဖွယ်မရှိ။

"ဒါ နောက်စရာကိစ္စမဟုတ်ဘူးနော် Alex..မင်းလုပ်သမျှအားလုံး ငါ့နားထဲပြန်ရောက်တယ်..မင်း အဲဒီကလေးကို တကယ်လည်းခံစားချက်မရှိဘဲနဲ့ ဘာလို့ဒီလိုတွေလိုက်လုပ်နေတာလဲ"

"အဟား.."

Alexက ခေါင်းကိုဆက်တီပေါ်မှီချလိုက်ပြီး မခိုးမခန့်ရယ်သည်။

"ဘာအတွက်ကြောင့်များ ကျွန်တော်က သူ့အပေါ်ခံစားချက်မရှိဘူးလို့ သေချာနေရတာလဲ"

ကိုယ်ကိုပြန်မတ်ရင်း Alexက တစ်ခွန်းချင်းဆိုသည်။သရော်သလိုလေသံနှင့်ဆန့်ကျင်စွာ တည်ငြိမ်လေးနက်နေသောမျက်ဝန်းတို့ကြောင့် ဦးဘုန်းမြတ်က တစ်ချက်တွေသွားသည်။

"ဆိုတော့ မင်းမှာ ဒီကောင်လေးအတွက် တကယ်ကိုခံစားချက်အစစ်အမှန်တွေရှိပါတယ်ပေါ့ ဟုတ်လား"

Alexက ပခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်လိုက်ရင်း

"ဒါကတော့ As you likeပေါ့..သူ့ကို တကယ်ချစ်မိနေတာလားဆိုတာကိုသေချာဖို့ အချိန်နည်းနည်းတော့ယူရဦးမှာမှန်ပေမယ့် အခုဖြစ်နေတဲ့လောလောလတ်လတ်ခံစားချက်တွေကလည်း အပြောင်အပြက်မဟုတ်တာ သေချာတယ်"

ဦးဘုန်းမြတ်က တူဖြစ်သူ၏ တစ်ခါမှမမြင်ခဲ့ဖူးသော လေးလေးနက်နက်ပုံစံကို အကဲခတ်မိတော့ စိတ်ကျေနပ်သွားဟန်ဖြင့် ချစ်စနိုးမာန်မဲသည်။

"အေး နောက်မှ ဘာဘာညာညာဆိုပြီး တစ်ဖက်သားကို နာကျင်စေခဲ့ရင် မင်းကိုငါကိုယ်တိုင်သတ်မယ်"

"အဲဒါကို စိတ်ပူစရာမလိုပါဘူး.."

သူ့ခန္ဓာကိုယ်ကို အရှေ့ဘက်သို့ ပိုကိုင်းချလိုက်ပြီး Alexက ခပ်ရိရိပြုံးသည်။

My DuDuDin ♡Where stories live. Discover now