Unicode
အိပ်ပျော်နေရာမှ မျက်နှာထက်က စိုစိစိအထိအတွေ့ကြောင့် လန့်နိုးလာရသည်။ မျက်လုံးတစ်ဖက်ကို မသိမသာခိုးဖွင့်ပြီး ကြည့်လိုက်တော့ သူ့ဘေးက နေရာအလွတ်တွင် ဝမ်းလျားလေးမှောက်လျက် နှုတ်ခမ်းသေးသေးလေးကိုစုချွန်ကာ သူ့မျက်နှာအနှံ့ လိုက်နမ်းနေသော ထိန်ညီးသာဒင်လေး။
"ဘယ်က အနမ်းသူခိုးလေးလဲကွ"
ခါးမှပွေ့ချီယူကာ ဗိုက်ပေါ်ဆွဲတင်လိုက်တော့ သဘောကျသလို တခစ်ခစ်ရယ်သည်။
"သားသားက ရေတောင်ချိုးပြီးပြီလား..မွှေးနေတာပဲကွာ "
"ဖေဖေ နမ်း..နမ်း "
အတတ်ကလေးက သူ့ပါးဖောင်းဖောင်းလေးကို ရှေ့သို့အတင်းထိုးပေးလာသည်။ ချစ်တီး၏ကောင်းမှုကြောင့် ရွဲကျနေသော ပါးဖောင်းကြီးက ထိလိုက်လျှင်ပင် အိတုံအိတုံနှင့် အသည်းယားစရာကောင်းလှ၏။
"နိုး နိုး..ဖေဖေမှ မျက်နှာမသစ်ရသေးတာ..မျက်နှာမသစ်ဘဲ ဘယ်သူ့ကိုမှနမ်းလို့မရဘူး သားသားရဲ့"
"နို့ ဖေကြီးကျ ဘာလို့နမ်းလို့ရတာလဲဟင်"
"အင်"
သားကလေး၏အမေးကို ဘယ်လိုပြန်ဖြေရမှန်းမသိ။ သိချင်စိတ်များသည့် အရွယ်မို့ သူမြင်သမျှ သူ့ဦးနှောက်ကလေးနှင့် ဉာဏ်မီသလို လိုက်မှတ်ထားခြင်းဖြစ်ဟန်တူ၏။
"ဟော သားက ဒီရောက်နေတာကိုး..ဖေကြီးဆီ လာပါဦးကွ"
"မင်းဖေဖေ လေးနေမှာစိုးလို့"ဟူသည့် နောက်ဆက်တွဲစကားကိုတော့ ထိန်ညီးဆက်မပြောလည်း နှစ်ယောက်စလုံးက နားလည်နေပြီဖြစ်သည်။
ထိန်ညီးလက်ပေါ် စွေ့ခနဲပါသွားသော သားကလေးက ဆံပင်ကောက်ကွေးကွေးနှင့် ချစ်စရာအရုပ်လေးနှယ်။ ထိန်ညီးက သားကိုချီလျက်သားဖြင့် ကုတင်ခေါင်းရင်းကို မှီထိုင်နေသော သာဒင့်ထံ ငုံ့ကိုင်းလာကာ နဖူးလေးကို ဖွဖွကလေး ရှိုက်နမ်းသည်။
"ဖေကြီး"
"ဟင်"
"ဖေကြီးလည်း ဦးဦးနိုင်လွန်လို လိလိမက်အီအီရင်ပီအိုင်ပီိပဲလားဟင်"
YOU ARE READING
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚