Embracing the Sunshine ( Extra Story_ Part 2 )

41.1K 2.9K 900
                                    

Unicode

ဂမုန်းပွင့်တွေဝေနေသည့် ခပ်လှလှခြံဝင်းကျယ်ကလေးထဲ အသာအယာထိုးဆိုက်လာသည့် အမိုးဖွင့်ကားလေးတစ်စီး။

အနီရဲရဲFerrariကားပေါ်ကနေ တစ်လှမ်းချင်းဆင်းလာသည့် Alexက ကာကီရောင်sleeve looseရှပ်လက်ရှည်ကို အနက်ရောင်ankle pantနှင့် လိုက်ဖက်ညီစွာတွဲဖက်ဝတ်ဆင်ထားပြီး လူငယ်ဆန်ဆန် ရှင်းသန့်နေ၏။

ကားတံခါးကို ညင်ညင်သာသာ ပိတ်လိုက်ပြီးနောက် ကျင့်သားရနေသည့် မျက်လုံးအစုံတို့က အိမ်အတွင်းထဲကို ဝေ့ဝေ့ဝဲဝဲ။

ရှာဖွေနေသည့် တစ်စုံတစ်ရာလေးကိုမြင်တော့ Alexနှုတ်ခမ်းတွေက လိုလိုချင်ချင်ပြုံးသွားသည်။

"ကိုကို"

ပြတင်းပေါက်အောက်ခံဘောင်တန်းပေါ် မေးလေးတင်ကာ မျှော်တော်ယောင်လုပ်နေသော ချစ်တီးက Alexအသံကိုကြားတော့ ဆတ်ခနဲခေါင်းထောင်ကြည့်ကာ ဝမ်းသာအားရ ပြန်အော်သည်။

"ပြောင်ပြောင်"

မျက်မှန်အောက်က မျက်လုံးနက်နက်ကလေးတွေက ဟန်ဆောင်မှုတို့ကင်းလျက် ကြည်ကြည်စင်စင် လင်းလင်းလက်လက်။

မျက်လုံးအကြည့်ချင်းဆုံသွားတော့ Alexက ယခင်ကထက် ၂ဆပိုပြုံးလိုက်ပြီး လက်တစ်ဖက်ကိုမြှောက်ကာ နောက်တစ်ကြိမ်ပြန်ခေါ်လိုက်သည်။

"ကိုကို"

"ပြောင်ပြောင်"

လက်နှစ်ဖက်စလုံး မိုးပေါ်ထောင်ကာ အဆက်မပြတ်ဝှေ့ယမ်းပြရင်း ဝမ်းသာအားရပြန်အော်လာသူက ပီဘိကလေးငယ်လေးသဖွယ်။

Alexနှလုံးသားတစ်ခုလုံး နူးနူးညံ့ညံ့နှင့် ယစ်မူးခွေစင်းသွားရသည်။

ဘာဆေးတွေများစားလို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာများလဲ။

ကားနောက်ခန်းမှာပါလာသည့် မုန့်ထုပ်များကိုလှမ်းယူကာ လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ပြလိုက်တော့ လုံးနေအောင်ပြေးလာ၏။

"ကိုကို ဖြည်းဖြည်းလာ..ချော်လဲမယ်"

အနားသို့ ခလုတ်တိုက်မတတ်အပြေးအလွှားရောက်လာသောချစ်တီးကို Alexက ရယ်ရယ်မောမောဖြင့်ဆီးကြို၍ လက်တစ်ပွေ့စာရှိသော ပန်းစည်းကြီးတစ်ခုကို ကမ်းပေးသည်။

My DuDuDin ♡Donde viven las historias. Descúbrelo ahora