"15"

109K 12.8K 1.8K
                                    

Zawgyi ❤️

"ညက အိပ်ကောင်းကြရဲ့လား လူကလေးတို့"

"ဒီမနက်တောင် မရွှေခင် အတင်းသွားနှိုးယူရတာပဲ ကြည့်ပါတော့ ထွန်းမြတ်ရေ"

သူတို့မဖြေမီ အဘက အရွှန်းဝင်ဖောက်သည်။ဟုတ်တော့လည်းဟုတ်သည်။နေဝင်ရီတရောမှ စ၍အိပ်လိုက်ကြရာ မနက်နေမြင့်ချိန်တွင်ပင် မနှိုးကြသေး၍ မနက်စာစားရန် ကြီးတော်ရွှေခင်က အတင်းနှိုးယူခဲ့ရခြင်းဖြစ်သည်။

"ဟော ဟိုမှာဆရာလေးပြန်လာပြီထင်တယ်.. မရွှေခင်ရေ ရေနွေးကြမ်းဖြည့်ပါဟ"

ဝိုင်းပေါက်ဝသို့ အားလုံးအကြည့်ရောက်မိကြသည်။မနက်ခင်း၏ လေနုအေးတို့က ပတ်ဝန်းကျင်အနီး   တစ်ဝိုက်တွင် ခပ်ပါးပါးလေးဝေ့ဝဲနေသည်။နုသစ်သော နေခြည်နွေးနွေးတို့နှင့်အပြိုင် ရှင်းသန့်၍ တောက်ပနေသော လူရွယ်တစ်ဦးကိုတွေ့ရသည်။အနှီလူရွယ်က သူတို့ကိုမြင်တော့ ဖော်ဖော်ရွေရွေ ပြုံးပြသည်။တည်ငြိမ်ရင့်ကျက်ခြင်းနှင့် ပျိုမျစ်နုနယ်ခြင်းကို တစ်နေရာတည်းတွင် တစ်ပြိုင်နက်ရှာတွေ့လိုက်ရသယောင်ယောင်။

"ဘယ်လိုလဲ ဆရာလေးရေ.. ကလေးတွေစုံကြရဲ့လား"

သူကြီး၏အမေးစကားကိုကြားတော့ လူရွယ်က ခပ်နွမ်းနွမ်းပြုံးလိုက်သည်။

"အများစုကတော့ လာကြပါရဲ့ဗျာ"

"ကျုပ်လည်း တတ်နိုင်သမျှ စည်းရုံးနေတာပါပဲ ဆရာလေးရယ်..တချို့လူတွေက အသိခေါက်ခက် အဝင်နက်နေတာ ဆိုးလှသဗျာ"

"ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲဗျာ..သူတို့မှာလည်း ငါ့ဝမ်းပူစာ မနေသာ ဆိုသလို ဖြစ်နေရှာတာကိုး"

ဘာမှနားမလည်၍ ယောင်တောင်ပေါင်တောင်ဖြစ်နေကြသော သူတို့ကို သူကြီးက နားလည်စွာဖြင့်

"ဒီက လူလေးတို့ကို မိတ်ဆက်ပေးရဦးမယ်.. ဒါကျုပ်တို့ရွာက ဆရာလေးမောင်မျိုးမြင့်မာန်တဲ့.. ဒီကိုရောက်တာ ၄နှစ်၅နှစ်ရှိရော့မယ်.. ကျောင်းပိတ်ရက်တွေတောင် အိမ်မပြန်ဘဲ ရွာကကလေးတွေ စာတတ်အောင် စာကြေအောင် အပင်ပန်းခံပေးနေတာဗျို့..ဆရာလေးရောက်လာတာ ကျုပ်တို့ရွာအတွက်တော့ နတ်မတာပါပဲဗျာ"

My DuDuDin ♡Where stories live. Discover now