"36"

79.1K 9.3K 843
                                    

Zawgyi

ခန်းမအတွင်း၌ တီးတိုးစကားပြောသံများ ကျွက်ကျွက်ညံလျက်ရှိသည်။ယနေ့တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၏ "စကားရည်လုပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲ"တို့ ကျင်းပမည်ဖြစ်သောကြောင့် ပြိုင်ပွဲကျင်းပရာနေရာသို့ ကျောင်းသူ/သားများ စုရုံးရောက်ရှိနေရခြင်းဖြစ်သည်။

ပြိုင်ပွဲအစီအစဉ် စလေပြီ။ပထမဦးစွာ စကားရည်လုပွဲကို စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။အခမ်းအနားမှူး၏ ဖိတ်ခေါ်သံအဆုံးတွင် အဆိုအဖွဲ့နှင့် အချေအဖွဲ့တို့က စင်ပေါ်တွင် အကျအနနေရာယူသည်။

ရှေးဦးစွာ ယှဉ်ပြိုင်ရန် အဆိုအဖွဲ့မှ ဥပဓိရုပ်ကောင်းကောင်းဖြင့် ကောင်လေးတစ်ယောက်ထွက်လာသည်။

"ခန့်လင်းသန့် ခန့်လင်းသန့် ခန့်လင်းသန့်"

အော်ဟစ်အားပေးနေကြသော ကျောင်းသူ/သားများအား ပြိုင်ပွဲဝင်ကောင်လေးက ပြုံးပြ၍ ဦးညွှတ်နှုတ်ဆက်သည်။

"တောင်"

အချက်ပေးခေါင်းလောင်းသံ ထွက်လာသည်နှင့် အောက်မှပရိသတ်များအားလုံး တိတ်ကျသွားကြပြီး စင်ပေါ်ကကောင်လေးကလည်း မျက်နှာကိုချီလိုက်သည်။

"ဟုတ်ကဲ့ အားလုံးပဲ မင်္ဂလာပါခင်ဗျာ.. ကျွန်တော်ကတော့ 'သဋ္ဌေးဖြစ်ဖို့ထက် ပညာတတ်ဖြစ်ဖို့က ပိုအရေးကြီးတယ်'ဆိုတဲ့ အဆိုကို ချက်ကျလက်ကျတင်သွင်းမယ့် Ep major second yearမှ ခန့် လင်း သန့် ပဲ ဖြစ်ပါတယ်"

"ဟေး.."

"ဟုတ်ကဲ့ ပညာအလင်းရောင် ဘဝတန်ဆောင်ပါတဲ့ ဆိုရိုးရှိပါတယ်..မိမိတို့ဘဝ တိုးတက်အောင်မြင်ပေါက်မြောက်အောင် လမ်းပြပေးမှာက ပညာ ဆိုတဲ့ ရွှေအလင်းရောင်တန်းကြီးပဲ ဖြစ်ပါတယ်..ငွေအလင်းရောင် ဘဝတန်ဆောင်ရယ်လို့ မရှိပါဘူးခင်ဗျာ"

"ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း"

လက်ခုပ်သံများက ဆူညံစွာ။

"ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာနေလည်း ပညာအသိမရှိရင် ပျက်စီးခြင်းငါးပါးနဲ့ပဲ နိဂုံးချုပ်ရမယ်ဆိုတာ ကျွန်တော်တို့ငယ်စဉ်အခါက သင်ကြားခဲ့ရတဲ့ ကုဋေရှစ်ဆယ်သဋ္ဌေးသားရဲ့ ဘဝဖြစ်စဉ်က သာဓကပြနေတယ်မဟုတ်ပါလားခင်ဗျာ"

My DuDuDin ♡Where stories live. Discover now