Zawgyi
WYTU(West Yongon Technological University )ဟူသော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကြီး၏ မုခ်ဝသို့ခြေချမိလိုက်သည်နှင့် လွန်းမြတ်သာဒင် တစ်ယောက် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ကာ သူခိုးခြေလှမ်းနှင့် ခပ်သွက်သွက်လှမ်းနေရသည်။ မသွက်ပါက ဒုက္ခကြီးကြီးတွေ့သွားနိုင်သည်လေ။
"ဟေ့ကောင်တွေ ဟိုမှာ သာဒင်"
ကြားလိုက်ရသည့် အသံပြာပြာကြီးကြောင့် လှမ်းလက်စ ခြေလှမ်းကို နှစ်ဆမြှင့်လိုက်သည်။နောက်ကကြားရသည့်ခြေသံများအရ မဟန်တော့။ ပြေးကာမှ တော်ကာကျရော့မည်။ ကျွတ်ချင်ချင်ဖြစ်နေသော ပုဆိုးကို တင်းတင်းပြင်ဝတ်၍ လက်နှစ်ဖက်နှင့်သေချာမ,ကာ အပီအပြင်ပြေးတော့သည်။
ဒင်းတို့ သာဒင်ကို ဘာထင်နေပါသနည်း။
အတွေးနှင့်ပြုံးစိစိကြီးဖြစ်နေသော မျက်နှာကြီးနှင့် ပုဆိုးမ ကာပြေးနေသော သူ့အား တစ်လှည့်၊နောက်ကနေ ဟောဟဲဆိုက်ကာ လိုက်ဖမ်းနေကြသော သကောင့်သား၃ယောက်ကိုတစ်လှည့် ကြည့်ကာ အခြားကျောင်းသားများက တွတ်ထိုးကာ ရယ်နေကြသည်။
သိပ်မကြာလိုက်။နောက်ကျောဘက်မှ ဆောင့်ဆွဲလိုက်မှုကြောင့် အင့်ခနဲပါသွားရသည်။
သူ့ကိုချုပ်ထားပြီး မောလွန်း၍ ဘာစကားမှမဆိုနိုင်ကြသေး။ အတန်ကြာတော့မှ..
"ခွေးသားလေး.. အပြေးကတော့သန်သား"
မျက်မှန်ဝိုင်းကြီးကို ပင့်တင်ရင်း ချစ်တီးက စပြောသည်။ ဘေးကနှစ်ယောက်ကလည်း ထောက်ခံသလို ခေါင်းညိတ်သည်။
သာဒင်တစ်ယောက် သူ၏ချစ်စဖွယ်သွားတက်လေးများအပါအဝင် သွား၃၂ချောင်းစလုံးကို မရပ်မနားဖြီးထားလိုက်ရင်း..
"မင်းတို့က အားကြီးနဲ့ လိုက်တာကိုး"
ထိုအခါ ချုပ်ထားသော စာဂျပိုး က သာဒင့်ခေါင်းကို 'ဒေါက်'ခနဲမြည်အောင် ခေါက်ချသည်။ ဒင်းက စာသာတော်သည်၊ လက်သံကပြောင်ပြီးသား။
"သရဲတွေ့သလိုပြေးနေတာက ဘယ်သူလဲ..မင်းပြေးလို့ ငါတို့ကလိုက်ရတာလေ"
YOU ARE READING
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚