Zawgyi
"သားရေ သာဒင်လေး ခဏဆင်းခဲ့ပါဦး"
ရေမိုးချိုးပြီး အဝတ်အစားလဲနေစဉ်မှာပဲ အခုမှအိမ်ပြန်ရောက်လာဟန်တူသော အမေ့ခေါ်သံကို ကြားရသည်။
"ဟုတ် လာပြီဗျ"
တပ်လက်စ ရှပ်အင်္ကျီကြယ်သီးတို့ကို အမြန်တပ်ကာ အိမ်နေရင်းပုဆိုးကို ပြန်ပြင်ဝတ်လိုက်သည်။ ထို့နောက် အနည်းငယ်ရှုပ်ပွနေသောခေါင်းကို တစ်ချက်နှစ်ချက်ဖြီးလိုက်ပြီး အမေရှိရာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဧည့်ခန်းတွင် အမေနှင့်အတူ အမေ့အရွယ်အဒေါ်ကြီးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကို တွေ့ရသည်။
သာဒင်က ခင်မင်နှစ်လိုစွာ ပြုံးပြလိုက်ပြီး အမေ့အနီးသို့ လျှောက်သွားလိုက်သည်။
"လာ သား အမေ့အသိတွေနဲ့ မိတ်ဆက်ပေးမလို့ ခေါ်လိုက်တာ"
"ဟုတ်ကဲ့ဗျ"
"ဒါ အမေတို့ ရွာမှာနေခဲ့ကြတုန်းက အရမ်းကို ခင်ခဲ့ကြတဲ့ အမေ့သူငယ်ချင်းလေ.. သူကအမေ့ထက်ခြောက်လကြီးတယ်ဆိုပြီး အမေ့ကို သူငယ်ချင်းလိုရော အစ်မတစ်ယောက်လိုပါ ဂရုစိုက်ပေးခဲ့တာ.. ဒေါ်ခင်ထား တဲ့..သား ကော့ကော့ကို နှုတ်ဆက်လိုက်ပါဦး"
ဒေါ်ခင်ထားက ခပ်ဖွဖွရယ်သည်။
"မြတ်ရယ် ညည်းဟာလေ.. ရန်ကုန်မှာနေတာပဲ ဆယ်နှစ်ကျော်နေပြီ..အခုထိ ရွာအသုံးတွေကို မမေ့သေးဘူးကိုး"
[A/N အဆုတို့ဘက်က ရွာဘက်တွေမှာ ကိုယ့်အမေရဲ့သူငယ်ချင်းတွေဆို ကော့ကော့ လို့ ခေါ်လို့ရပါတယ်။ရွာအသုံးပေါ့ ]
"မေ့စရာလား ထားရယ်..မြတ်က ရွာမှာ သိပ်ပျော်ခဲ့တာ"
ပြောရင်း အမေက ပြန်လွမ်းသွားဟန်။
မျက်ဝန်းတို့က ဆွေးရိပ်သန်းသွားသည်။"မြတ်ရယ် ပြီးခဲ့တာတွေ ပြီးပါစေတော့ဟယ်"
"ကျွန်မတော့ ဒီတစ်သက်မေ့နိုင်တော့မယ်မထင်ဘူး ထား"
သာဒင်နှင့် ကောင်မလေးမှာ ဘာတစ်ခုမှနားမလည်သည်မို့ ကြောင်တောင်တောင်လေးတွေနှင့်သာ နားထောင်နေရသည်။
ESTÁS LEYENDO
My DuDuDin ♡
Romance{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚