အပိုင်း ၃။ မျက်လုံးများ
ရုပ်ရှင်ဖွင့်ပွဲအပိုင်းက တော်တော်လေး ပျင်းဖို့ကောင်းတယ်။
ရှောင်းကျန့်နဲ့ချန်ရွှမ်က စင်ဘယ်ဘက်ခြမ်းရဲ့အရှေ့ဆုံးတန်းမှာ နေရာရတယ်၊ တစ်ချိန်လုံး အင်္ဂလိပ်လိုချည်း ပြောနေတော့ အာရုံမစိုက်နိုင်ဘဲ စိတ်က ရောက်ရာပေါက်ရာကို လွတ်ထွက်နေတာများတယ်။
ဖွင့်ပွဲပြီးတော့ အဓိကဝင်ပေါက်ကနေ ဒိုင်တွေဝင်လာပြီး ဘေးလျှောက်လမ်းအတိုင်း စင်ပေါ်ကိုသွားတယ်၊ ပြီးတော့ နေရာပေးထားတဲ့ခုံတွေမှာ အသီးသီး ဝင်ထိုင်လိုက်ကြတယ်၊ ခန်းမထဲမှာ မီးအလင်းကို မှိန်ချထားပြီး ခပ်ဖျော့ဖျော့ လေဆာ,ဆလိုက်မီးတချို့ပဲ အပေါ်ကနေ ထိုးပေးထားတယ်။
စိတ်လှုပ်ရှားနေတဲ့ ချန်ရွှမ်ကတော့ သူ့အေးဂျင့်နဲ့ တစ်ချိန်လုံး မက်ဆေ့ပို့နေတာ၊ အစကတော့ ရှောင်းကျန့်က ထိုင်ခုံနောက်ကို ကျောမှီပြီး သက်တောင့်သက်သာ ထိုင်နေတာပါ၊ ဝင်လာတဲ့လူအုပ်ထဲက အရပ်မြင့်မြင့်နဲ့ ပေါ်လွင်ထင်ရှားလွန်းတဲ့ အမျိုးသားကို လှမ်းတွေ့လိုက်တဲ့အခါမှသာ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပြီး လူက ကတုန်ကယင် ဖြစ်ချင်လာတယ်။
ရှောင်းကျန့် ခါးမတ်ထိုင်လိုက်တာကို သတိထားမိသွားတဲ့အခါ ချန်ရွှမ်က ပိုပြီးစိတ်လှုပ်ရှားသွားတယ် ထင်တယ်။
"ဘာ..ဘာမြင်လိုက်လို့လဲ.. ဆုစာရင်းလား"
ရှောင်းကျန့်က ယဉ်ယဉ်ကျေးကျေးနဲ့ ပြုံးရင်းပြန်ပြောတယ်။
"ဒီနေရာကနေပြီး သူ့တို့လက်ထဲကစာရွက်ကို ဘယ်လိုလုပ်ပြီး မြင်မှာလဲ"
"စိတ်သိပ်မလှုပ်ရှားပါနဲ့.. အမေရိကားကို ပိုက်ဆံမကုန်ဘဲ အလည်အပတ် ထွက်လာတယ်လို့ပဲ သဘောထား"
ရှောင်းကျန့်က ပါးစပ်ကနေသာ ချန်ရွှမ်ကို နှစ်သိမ့်စကား ပြောနေတာ၊ တကယ်တမ်း သူ့ရင်ထဲ ဝင်ကြည့်လိုက်ရင် တဆတ်ဆတ် တုန်နေတာ မြင်ရလိမ့်မယ်။
ရှောင်းကျန့်မျက်လုံးတွေက နိုင်ငံခြားသားတွေနဲ့ စကားပြောရင်း ကုတ်အင်္ကျီကြယ်သီးကိုဖြုတ်ပြီး ခုံမှာ သက်တောင့်သက်သာ ဝင်ထိုင်လိုက်တဲ့ Leo နားကနေ မခွာနိုင်ဘူး။
![](https://img.wattpad.com/cover/344985439-288-k592622.jpg)
YOU ARE READING
Butterfly Blade [蝴蝶刀] • COMPLETED •
Fanfiction- နည်းမျိုးစုံ သုံးပြီးတဲ့ နောက်မှာတော့ ငါ့ boyfriend အဖေရဲ့ အိပ်ရာပေါ်ကို တက်ခွင့်ရသွားတယ် - ⚠️ Hong Kong Story, Age Swap, Huge age gap, BJYX, Yizhan. The story about versatile fleshy unpredictable dangerous man. Grand Slam actor x Scheming little...