အပိုင်း ၄၂။ ရတနာလေး
မလင်ဒါ သူ့အိမ် ရောက်လာချိန်မှာ Leo တို့က ရှောင်းကျန့် နောက်ထပ်ရိုက်မဲ့ကားအတွက် ဇာတ်ညွှန်းအသစ် ရွေးနေကြတဲ့အချိန်ပါ၊ ဝမ်ကျိုးအမေက ရုတ်တရက်ကြီး ရောက်ချလာတာဆိုပေမဲ့ Leo ကတော့ အံ့သြဟန် မပြဘူး၊ ဘေးမှာရှိနေတဲ့ ရှောင်းကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မလင်ဒါလာရတဲ့ ရည်ရွယ်ချက်ကို ခပ်မြန်မြန် မှန်းမိသွားတယ်။
"စာကြည့်ခန်းထဲမှာ ပြောမယ်"
Leo က ဒီတစ်ခွန်းတည်း ပြောပြီး လှည့်ထွက်သွားတဲ့အခါက မလင်ဒါက ခဏလောက်တော့ တွန့်ဆုတ်နေတယ်၊ ပြီးမှ နောက်ကနေ လိုက်တက်သွားတယ်။
တကယ်တော့ အဲ့ဒီအချိန် Leo, အိမ်မှာ ရှောင်းကျန့်တို့ နှစ်ယောက်ပဲ ရှိတာမဟုတ်ဘူး၊ ဟောင်ကောင် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက Leo ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတချို့လဲ ရှိတယ်၊ Leo နဲ့ မလင်ဒါ ပြဿနာတက်နေမှန်းသိပေမဲ့ သူတို့အားလုံးက နှုတ်ဆိတ်နေကြတာ၊ ရှောင်းကျန့်ဘက်က လှည့်ကြည့်မိရင်တော့ ဖတ်လက်စ စာမျက်နှာကို နောက်တစ်ဖက်လှန်လိုက်ရင်း Leo လုပ်လေ့ရှိတဲ့အတိုင်း ရှောင်းကျန့်ကို အာရုံလွှဲတယ်။
တော်တော်ကြာတဲ့အထိ သူတို့နှစ်ယောက် စာကြည့်ခန်းထဲက ထွက်မလာဘူး၊ Leo, မိတ်ဆွေတွေက မလင်ဒါနဲ့ Leo စကားများနေကြမှန်း သိကြတယ်၊ ဒါကြောင့် ဒီမှာဆက်နေဖို့ မသင့်တော်ဘူးလို့ ယူဆပြီး ရှောင်းကျန့်ကို သူတို့နဲ့အတူ မုန့်ထွက်စားမလားလို့ မေးတယ်၊ ရှောင်းကျန့်က အပေါ်ထပ်ကို မော့ကြည့်ပြီး ခေါင်းပဲယမ်းပြလိုက်တယ်။
ခေါ်မရတဲ့အဆုံး အားလုံးက ရှောင်းကျန့်ကို နှုတ်ဆက်ပြီး အသီးသီး ပြန်ကုန်ကြတယ်၊ ရှောင်းကျန့်ကတော့ ဧည့်ခန်းကျယ်ကြီးထဲက ဆိုဖာပေါ်မှာ ခေါင်းငိုက်စိုက်ကျပြီး ကျန်ရစ်ခဲ့တယ်။
ဒီအချိန်လေးအတွင်းမှာတင် မလင်ဒါ့စကားတွေမှာ 'hole' ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ကြားနေရတယ်၊ Leo ကတော့ သူတို့ပြောနေတဲ့ အကြောင်းအရာတွေ ရှောင်းကျန့်ကို ကြားစေချင်ပုံမရဘူး၊ အင်္ဂလိပ်လို ပီပီသသ ပြောနေရာကနေ တစ်ခါတလေ ကွမ်တုံလို ပြောင်းပြောတယ်၊ ဘာစကားပဲပြောပြော သူတို့ပြောနေတဲ့ အမြန်နှုန်းက ရှောင်းကျန့်နားနဲ့ ဘယ်လိုမှ နားမလည်နိုင်တဲ့ အနေအထားဖြစ်နေတယ်။
YOU ARE READING
Butterfly Blade [蝴蝶刀] • COMPLETED •
Fanfic- နည်းမျိုးစုံ သုံးပြီးတဲ့ နောက်မှာတော့ ငါ့ boyfriend အဖေရဲ့ အိပ်ရာပေါ်ကို တက်ခွင့်ရသွားတယ် - ⚠️ Hong Kong Story, Age Swap, Huge age gap, BJYX, Yizhan. The story about versatile fleshy unpredictable dangerous man. Grand Slam actor x Scheming little...