1

22.8K 1.4K 121
                                    

⚠️Warning ကို အရင်ဖတ်ပါ။
⚠️Warning ကို အရင်ဖတ်ပါ။
⚠️Warning ကို အရင်ဖတ်ပါ။
⚠️Warning ကို အရင်ဖတ်ပါ။
⚠️Warning ကို အရင်ဖတ်ပါ။
.
.
.
.
.
.
.

လူသိခံလို့မရတဲ့အချစ်က သွက်လက်ထက်မြနေတဲ့ လိပ်ပြာဓားတစ်လက်လို ပြတ်ရှဒဏ်ရာပေါင်းများစွာ ချန်ထားပေးနိုင်တယ်၊ ဒီလိုဖြစ်နေရင်တောင် ကျိုးပဲ့ကျန်ခဲ့တဲ့ အရိုးတွေကို တစ်စချင်း လိုက်သိမ်းပြီး ခင်ဗျား တစ်ယောက်တည်းကိုပဲ အဆထောင်သောင်းမက ရူးသွပ်စွာ ဆက်ချစ်နေဦးမယ်...

[ရှောင်းကျန့် ]

အပိုင်း ၁။ တစ်ကိုယ်ရေဖြေလျှော့ခြင်း

ဇွန်လ ၁၇ ရက်နေ့မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ တောင်ပိုင်းဒေသတွေမှာ မကြုံစဖူး မိုးကြီးနေတယ်။

မိုးရေချိန်က အနည်းဆုံး ၁၄ စင်တီမီတာအထိ ရှိလာနိုင်တဲ့အတွက် ဒီနှစ်အတွက် သဘာဝကြီးကပေးလာတဲ့ ဘေးဆိုးတစ်ခုအဖြစ် မိုးလေဝသ သတင်းချန်နယ်တွေက ဆက်တိုက်ထုတ်ပြန်နေကြတယ်။

ပူလောင်ပြီး စွတ်စိုနေတဲ့ ရာသီဥတုကြီးမှာ ရှောင်းကျန့်ဆီ ဖုန်းဝင်လာတယ်။

ဆက်တဲ့လူကတော့ နိုင်ငံတကာ Runway တွေမှာ နာမည်ရကာစ ဖက်ရှင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဝမ်ကျိုးပါ၊ သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့အသံက ဖုန်းစပီကာထဲကနေ မှန်မှန်ထွက်ပေါ်နေတယ်။

"ကျန့်ကျန့်.. အခု မင်း Alexander ဟိုတယ်မှာမလား.. ကိုယ့်ဖလိုက်က အခုပဲ New York ကို ဆိုက်တာ.. မင်းဆီလာခဲ့ချင်လို့ ..ရမလားဟင်"

ဝမ်ကျိုးက တခြားလူ မဟုတ်ဘူး၊ ရှောင်းကျန့်ရဲ့ အမည်ခံ Boyfriend၊ တွဲနေတာက ၃ လ မပြည့်သေးဘူး ထင်တယ်၊ သူတို့ကြားက relationship မှာ တိမ်မြုပ်ပုန်းကွယ်နေတဲ့ ရည်ရွယ်ချက်တချို့ ရောထွေးယှင်ငင်နေတာမို့ ရှောင်းကျန့် စိတ်တိုင်းကျ လုပ်လို့မရသေးဘူး။

ဒါကြောင့် သူ့ဘက်က တောင်းဆိုလာတာကို ရှောင်းကျန့်က တိုက်ရိုက်မငြင်းမိဘူး၊ ပြတင်းပေါက်ဘောင်ကို မှီရင်း တခြားကိစ္စတစ်ခုကို စကားလမ်းကြောင်းလွှဲတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now