အပိုင်း ၂၉။ အထူးအခွင့်အရေး
'တွေ့မှာမဟုတ်ဘူး' ဆိုတဲ့ စကားလုံးက ပါးစပ်ကနေ ဆုံးအောင် ထွက်လာခွင့် မရလိုက်ဘူး၊ အိန်ဂျယ်တစ်ယောက် အပေါက်မှာ မလှုပ်မယှက် ကြက်သေသေ နေမိတယ်။
တံခါးရှေ့မှာ ရပ်နေတာကတော့ တခြားမဟုတ်ဘဲ Leo ဖြစ်နေတယ်၊ ခေါင်းပေါ်က အသံနဲ့ အလိုအလျောက် လင်းတဲ့မီးက ပြန်မှိတ်သွားတယ်၊ Leo, မှာ အထုပ်အပိုးတွေ မပါဘူး၊ သူ့ကိုယ်မှာက တီဗီရှိုး ဒါရိုက်တာတွေ စီစဉ်ပေးထားတဲ့ မီးခိုးနုရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ထားတုန်းပဲ။
သူ့ကိုယ်သူ အဓိပ္ပါယ်မဲ့လွန်းတဲ့ အိပ်မက်တစ်ခု မက်နေတယ်လို့တောင် အိန်ဂျယ်က ထင်သွားတာ။
Leo က အိန်ဂျယ့်ကို ပြုံးပြလာပြီး။
"Little Sean ကို လာရှာတာ.. စိတ်မပူပါနဲ့.. အန္တရာယ်ပြုမဲ့သူ မဟုတ်ပါဘူး"
Leo က အန္တရာယ်ပေးမဲ့သူ မဟုတ်မှန်းတော့ အိန်ဂျယ်လဲ သိတာပေါ့၊ အိန်ဂျယ်က လက်ရှိအခြေအနေကို နားမလည်တာပါ၊ သူထင်ခဲ့တာက ဒါရိုက်တာ၊ ဒါမှမဟုတ် ငြင်းရခက်တဲ့ မြှုပ်နှံသူ တစ်ယောက်ယောက် လာတယ်ပေါ့ ဒါပေမဲ့ ဟောင်ကောင်ရဲ့ ရုပ်ရှင်ဧကရာဇ်ကြီးတော့ မဟုတ်ဘူးလေ။
ဒီလို ကမ္ဘာကျော်ကြီးနဲ့ အိန်ဂျယ်တို့ရဲ့ တက်သစ်စမင်းသားနဲ့က ဘယ်လိုများ အဆက်အသွယ် ရှိသွားတာလဲ၊ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကြီး။
ရှောင်းကျန့်ရဲ့လက်ထောက်လေးကို အချိန်ပေးပြီး ရှင်းပြဖို့အထိ Leo မစောင့်နိုင်တော့ဘူး၊ Leo က လက်ထောက် ကလေးမကို ကျော်ကာ အထဲဝင်လိုက်ပြီး အိပ်ခန်းဆီ တန်းတန်းမတ်မတ် လျှောက်သွားတယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အိပ်ခန်းထဲကနေ ရှောင်းကျန့်ရဲ့ စူးစူးဝါးဝါးအော်ငိုသံ ထွက်လာခဲ့တယ်။
"အား.. ထွက်သွား! ! ဘယ်သူကတွေ့ချင်လို့လဲ.. ဘယ်သူ ခွင့်ပြုလို့လာတာလဲ.. အဲဒီ ချောင်ကျိရှစ်ဆီပဲသွား.. ခင်ဗျား သူ့ကိုကြိုက်တာမလား.. သူနဲ့အိပ်ပြီး.. သူများကို ရယ်နေကြ___"
ရှောင်းကျန့်အော်သံကြောင့် အိန်ဂျယ် ဦးရေပြားတွေပါ ကျိန်းသွားတယ်။
YOU ARE READING
Butterfly Blade [蝴蝶刀] • COMPLETED •
Fanfic- နည်းမျိုးစုံ သုံးပြီးတဲ့ နောက်မှာတော့ ငါ့ boyfriend အဖေရဲ့ အိပ်ရာပေါ်ကို တက်ခွင့်ရသွားတယ် - ⚠️ Hong Kong Story, Age Swap, Huge age gap, BJYX, Yizhan. The story about versatile fleshy unpredictable dangerous man. Grand Slam actor x Scheming little...