အပိုင်း ၃၆။ ထပ်တူထပ်မျှ
Leo က ရှောင်းကျန့်ရဲ့ကျောပြင်ကို ကြင်နာစွာ အထက်အောက် ပွတ်သပ်ပေးနေရင်း မေးတယ်။
"ဘာလို့ ဒီလောက်တောင် အေးစက်နေတာလဲ.. မချမ်းဘူးလား"
"ချမ်းတယ်"
Leo ဘာမှမပြောရင်တောင် ရှောင်းကျန့်က ကျော်သွားမလို့၊ Leo က မေးလိုက်တော့ ချက်ချင်း အံကြိတ်လိုက်ပြီး။
"ချမ်းရုံတင်မဟုတ်ဘူး.. ငိုလဲငိုချင်နေတာ.. နောက်ပြီး"
ရှောင်းကျန့်က အိတ်ကပ်ထဲ ထိုးထည့်ထားတဲ့ ရုပ်ရှင်လက်မှတ်ကို ဆွဲထုတ်လိုက်ပြီး မျက်ရည်တွေ အဝိုင်းသားနဲ့ Leo, ကို မော့ကြည့်လာတယ်။
"Leo ဒီမှာကြည့် ကျွန်တော် ခင်ဗျားရဲ့ရုပ်ရှင်ကို ဝင်ကြည့်လာခဲ့တယ်.. ခင်ဗျားက ငယ်ငယ်တုန်းကလဲ တအား ချောတာနော်.. ကျွန်တော်ဒီထက်စောပြီး မွေးလာရင်လဲ ခင်ဗျားကိုပဲ လက်ထပ်ချင်မှာ သေချာတယ်.. အဲလောက်ထိ သဘောကျနေတာလေ.. အာ.. ခင်ဗျားရဲ့ပိုစတာနဲ့တောင် ဓာတ်ပုံအတူတူ ရိုက်လာခဲ့သေးတယ်.. နောက်ပြီး..ဟောင်ကောင်ကို လာလည်တဲ့ ချုံချင်းကစုံတွဲနဲ့တောင် တွေ့ခဲ့တာ "
စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ ရှောင်းကျန့်စကားတွေ အများကြီးပြောတယ်၊ တစ်ခုနဲ့တစ်ခုက အဆက်အစပ် သိပ်မရှိချင်ဘူး၊ Leo ကတော့ ကလေးကို ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး သက်ပြင်းဖွဖွ ချလိုက်တယ်။
နှစ်ယောက်သား စကားမပြောတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိတယ်၊ ဒီအခိုက်အတန့်လေးမှာပဲ နောက်ပြန်လှည့်ပြီး အတိတ်က လွဲချော်နေခဲ့တာတချို့ကို ပြန်တည့်မတ် ပေးလိုက်နိုင်တယ်။
Leo က အများသူငှါ ကြားနိုင်တဲ့ ရေဒီယိုကိုသုံးပြီး ရှောင်းကျန့်ကို ရှာခဲ့တာ၊ Leo, အသံက ဟောင်ကောင်သားတိုင်း သိတဲ့အသံ၊ အကုန်လုံး မှတ်မိသွားနိုင်တယ်၊ ဘာလို့ ဒီလောက်ထိအောင် စွန့်စားလိုက်ရတာလဲ၊ Leo ဒီလို လုပ်လိမ့်မယ်လို့ ရှောင်းကျန့် အိပ်မက်တောင် မမက်ဖူးဘူး။
Leo နဲ့ ရှောင်းကျန့်ကြားကဆက်ဆံရေးကို တဖတ်သတ်ဆန်တယ်လို့ သူက အမြဲထင်နေခဲ့တာ၊ တကယ်တမ်းကျတော့ ကြားထဲမှာ ကွဲလွဲမှုတချို့ ရှိနေသည့်တိုင် အသွားအပြန်က ကျိန်းသေပေါက် ရှိနေခဲ့တယ်၊ တစ်လမ်းသွား ဆက်ဆံရေးထက် ပိုရှုပ်ထွေးပြီး သိမ်မွေ့တယ်။
YOU ARE READING
Butterfly Blade [蝴蝶刀] • COMPLETED •
Fanfiction- နည်းမျိုးစုံ သုံးပြီးတဲ့ နောက်မှာတော့ ငါ့ boyfriend အဖေရဲ့ အိပ်ရာပေါ်ကို တက်ခွင့်ရသွားတယ် - ⚠️ Hong Kong Story, Age Swap, Huge age gap, BJYX, Yizhan. The story about versatile fleshy unpredictable dangerous man. Grand Slam actor x Scheming little...