9

13.2K 1.3K 79
                                    

<Uyuni>>

အပိုင်း ၉။ စီချွမ်ခေါက်ဆွဲ

ကိုယ့်အိုင်ဒေါနဲ့ ချစ်သူတော်ခွင့်ရလောက်အောင် ကံကောင်းတဲ့သူက လူနည်းစုပဲရှိလိမ့်မယ်။

ဒီလိုရှားပါးလွန်းတဲ့ အခွင့်အရေးမျိုးကို ရလိုက်တော့ ရှောင်းကျန့်မှာ တန်ဖိုးထားလွန်းလို့ ရူးမတတ် ဖြစ်ရတယ်၊ အချိန်ကြာကြာ ဆွဲထားခွင့်မရှိတာက သိပ်နှမျောဖို့ ကောင်းလွန်းတယ်၊ ဒီအချိန်ပိုင်းလေးက ရှောင်းကျန့် သမိုင်းမှာ ပြန်ပြီးစားမြုံ့ပြန်ခွင့်ရမဲ့ တန်ဖိုးအရှိဆုံး ဂုဏ်သရေဖြစ်လာမှာ။

ဝမ်ကျိုးနဲ့ သူ့အေးဂျင့်က ဖက်ရှင်ရှိုးအတွက် ပြင်သစ်ကိုသွားရတယ်၊ ဝမ်ကျိုးကတော့ ရှောင်းကျန့်ကို ဖက်ထားရင်း အနားမှာ ကြာကြာနေချင်တယ်ဆိုပြီး အော်နေတော့တာ၊ ရှောင်းကျန့်က ဝမ်ကျိုးရဲ့ကျောကို လက်နဲ့ပုတ်ပြီး နှစ်သိမ့်ပေးနေတယ်၊ ဒါပေမဲ့ သူ့မျက်လုံးတွေက အဖေဖြစ်တဲ့ Leo, ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်လေးတွေ ကွေးညွှတ်တက်သွားတဲ့အထိ နူးနူးညံ့ညံ့လေး ပြုံးလိုက်တယ်။

"ငါတို့က တွေ့ဖို့အချိန်တွေ ရှိပါသေးတယ်.. အသက် ၂၀ အရွယ်မှာ.. အလုပ်က အားလုံးထက် ပိုအရေးကြီးတယ်"

ဝမ်ကျိုးကိုလိုက်ပို့ပြီး ဟိုတယ်ပြန်လာတော့ Alexander ရဲ့ ဓာတ်လှေကားကို စောင့်နေတုန်း တရုတ်လူမျိုး ခရီးသွားတွေနဲ့ ဆုံတယ်၊ ဒါပေမဲ့ အများစုက သက်ကြီးပိုင်း၊ ရုပ်ရှင်မကြည့်ကြတဲ့လူတွေမို့ ထင်တယ်၊ သူတို့နှစ်ယောက်လုံးကို ဘယ်သူကမှ သတိမထားမိဘူး။

ဓာတ်လှေကားလာတော့ အရင်ဝင်သွားကြပြီး သက်ဆိုင်ရာ အလွှာအသီးသီးကို နှိပ်ကြတယ်၊ နောက်ဆုံး ဝင်ဖို့လူက သူတို့နှစ်ယောက်ပဲ ကျန်တယ်၊ ရှောင်းကျန့်လဲ ဝင်ဖို့ခြေလှမ်းပြင်လိုက်တယ်၊ ဒါပေမဲ့ Leo က သူ့ကို လက်ကောက်ဝတ်ကနေ လှမ်းဆွဲထားပြီး အထဲက စောင့်နေပေးတဲ့လူတွေကို ပြုံးပြလိုက်တယ်။

"Go first, please"

ဓာတ်လှေကားတံခါးက ပိတ်သွားပြီး၊ အပေါ်ကို တရွေ့ရွေ့တက်သွားတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now