30

12.2K 1.3K 126
                                    

အပိုင်း ၃၀။ လွမ်းဆွတ်ခြင်း

ကိုယ်တစ်ယောက်တည်း ရုန်းရတာထက်၊ နောက်ကွယ်မှာ ပံ့ပိုးပေးမဲ့သူရှိတာက ဘယ်ကိစ္စမှာမဆို တစ်ပန်းသာတာချည်းပဲ။

သိပ်မကြာဘူး ရှောင်းကျန့်ကိစ္စအတွက် ကီကီကိုယ်တိုင် ပြည်မကို ရောက်ချလာတယ်၊ ပြီးတော့ ရှောင်းကျန့်ကို မေးခွန်းတွေ အများကြီးမေးတယ်၊ အခုလောလောဆယ် ဘယ်လိုအလုပ်မျိုးလုပ်ချင်လဲ၊ ဘယ်လို ဇာတ်ရုပ်မျိုး သရုပ်ဆောင်ချင်လဲ၊ ဘယ်သူနဲ့တွဲပြီး သရုပ်ဆောင်ချင်လဲ ဆိုပြီး စစ်စစ်ပေါက်ပေါက် လိုက်မေးတာ၊ ကီကီ့ကို ပေးရတဲ့အဖြေက တက္ကသိုလ်ဝင်ခွင့်ထက်တောင် တိကျဖို့လိုသေးတယ်။

ကီကီနဲ့မလင်ဒါက ရွယ်တူလောက်ရှိမယ်၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးဆီကနေ အသက်အရွယ်ကြီးတဲ့ အန်တီကြီး ဖီလင်မရဘူး၊ အထူးသဖြင့် ကီကီက လှရုံတင်မဟုတ်ဘူး၊ ထက်ထက်မြက်မြက်ရှိတဲ့ သွင်ပြင်ရှိတယ်၊ ဟောင်ကောင်ရေပေါ်ဆီ အသိုင်းအဝိုင်းမှာတော့ ယောကျ်ားတွေကို အားမကိုးတဲ့ အယ်ဖာ အမျိုးသမီးဆိုပြီး နာမည်ကြီးတယ်။

ကီကီနဲ့ရှောင်းကျန့် တစ်မနက်လုံး အလုပ်ကိစ္စအကြောင်း ဆွေးနွေးကြတယ်၊ နေ့လည်ကျတော့ Leo, ဆီက ဗီဒီယိုကော ဝင်လာတယ်၊ Leo က ရိုက်ကွင်းမှာ ရှိနေတာ၊ ကြည့်ရတာ ထမင်းစားနားတဲ့အချိန်ဖြစ်မယ်၊ အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးအောက်မှာ ခေါက်ကုလားထိုင်လေးဖြန့်ခင်းပြီး ထိုင်နေတယ်၊ အဖြူရောင်ရှပ်နဲ့ အရောင်ရင့်ရင့်ဂျင်းကို တွဲဝတ်ထားတာမို့ Leo, ပုံစံက လိုတာထက် နုပျိုလတ်ဆတ်နေတယ်။

Leo က ရှောင်းကျန့်ကို ထမင်းစားရဲ့လား၊ ဘာတွေလုပ်နေလဲဆိုပြီး အသေးစိတ် မေးမြန်းနေတာ၊ သူ့လေသံက တရင်းတနှီး ရှိလွန်းတာမို့ ဘေးက ကြားလိုက်တဲ့လူတွေက အိမ်ကကလေးနဲ့ ပြောနေတာလား ဆိုပြီး မေးလာကြတယ်၊ Leo ကလဲ မငြင်းပါဘူး၊ ပြုံးတုံ့တုံ့နဲ့ သူ့ကလေးနဲ့ ပြောနေတာဆိုပြီး ပြန်ဖြေလိုက်တာမို့ ရှောင်းကျန့်တောင် ဗိုက်ထဲမှာလိပ်ပြာတွေ ထပျံသွားရတယ်။

Leo နဲ့ ရှောင်းကျန့်ကြားမှာ ထူးခြားတဲ့ဆက်ဆံရေး ရှိလိမ့်မယ်လို့ ကီကီ ခန့်မှန်းမိသွားတယ်၊ ဒါကြောင့် သန့်စင်ခန်း သွားမယ် အကြောင်းပြပြီး Leo, ဆီ ဖုန်းဆက်မေးလိုက်တယ်၊ ရှောင်းကျန့်နဲ့ သူက တွဲနေတာဆိုပြီး Leo က ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေတယ်၊ နောက်ပြီး ရှောင်းကျန့်ကို သူ့ရဲ့အမွေဆက်ခံသူ တပည့်အနေနဲ့ မွေးချင်ပါတယ်တဲ့။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now