အပိုင်း ၄။ ဆု
ရုပ်ရှင်ပွဲတော်ရဲ့ရလဒ်က စိတ်ကျေနပ်စရာ မဟုတ်ခဲ့ဘူး။
ရှောင်းကျန့်လို တက်သစ်စ သရုပ်ဆောင်က ဆုကြီးရနိုင်ဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲ၊ ဒါကတော့ ချန်ရွှမ်အတွက်လဲ အတူတူပဲပေါ့၊ နှစ်ယောက်သားက ကိုယ့်အခြေအနေကိုယ် သေချာသိတာမို့ သိပ်စိတ်ပျက်သွားတာမျိုး မရှိကြပါဘူး။
ဒိုင်တွေ ရွေးပေးလိုက်တဲ့ မင်းသားဆုရှင်ကလဲ ဘယ်သူမှ မငြင်းပယ်နိုင်တဲ့ ပြည်တွင်းက နာမည်ရ မင်းသားတစ်လက်ပါ၊ သရုပ်ဆောင်တဲ့နေရာမှာ ဘုရင်တစ်ပါးလို့တောင် တင်စားခံရတဲ့လူ၊ သူ့တစ်ဘဝလုံး သရုပ်ဆောင်အလုပ်မှာ မြုပ်နှံထားခဲ့ပေမဲ့ ထိုက်တန်တဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှုကိုတော့ အခုမှ လက်ခံရရှာတာ။
ဆုပေးပွဲ အစအဆုံးမှာ ရှောင်းကျန့်သေချာ အာရုံစိုက်နေခဲ့တာက နှစ်ချိန်ပဲ ရှိတယ်၊ တစ်ခါက ဝမ်ကျိုးသူ့ကို မိတ်ဆက်ပေးနေတုန်း Leo အရှေ့မှာ သူ့ရဲ့အကောင်းဆုံးအနေအထားကို ပြပေးဖို့ ကြိုးစားနေတဲ့အချိန်၊ နောက်တစ်ချိန်ကတော့ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇကာတင်ဝင်တဲ့ ရှောင်းကျန့်ရဲ့ဇာတ်ကောင် screen ပေါ်မှာ ပေါ်လာတဲ့အချိန်ပဲ။
ရှောင်းကျန့်ရဲ့ဇာတ်ကောင်ဖြစ်တဲ့ အာ့လွန်ဆိုတာက တောမှာနေတဲ့ ခပ်အအ ကောင်လေး၊ သူ့မျက်နှာမှာ နေလောင်ထားတဲ့ တင်းတိပ်တွေရှိတယ်၊ သူက နက်ပြာရောင် ခရီးဆောင်အိတ်ကြီးကို ဆွဲထားပြီး လှိုင်းထန်နေတဲ့ ကယ်လီဖိုးနီးယား ကမ်းရိုးတမ်းအထက်က ကောင်းကင်ကြီးကို သတိလက်လွတ် ငေးမောနေတယ်၊ လာလတ္တံသော အချိန်မှာ သူ့ကံကြမ္မာက ဘယ်လောက်ထိ ဇောက်ထိုးမိုးမျှော် ဖြစ်လာမယ်ဆိုတာကို ကြိုမသိဘဲနဲ့ပေါ့။
နာမည်ကြီး အနုပညာကျောင်းထွက်မဟုတ်တဲ့ လူသစ်တန်း မင်းသားအငယ်တစ်ယောက်က သဘာဝအကျဆုံး သရုပ်ဆောင်မှုကို ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် နိုင်ငံတကာကသိအောင် ချပြခွင့်ရခဲ့တာ၊ ဆုရရ၊ မရရ ဒါက ရှောင်းကျန့်အတွက် ကျေနပ်စရာပါ။
ရှောင်းကျန့် အကြောက်ဆုံးက တစ်ခုပဲရှိတယ်၊ Leo က အမြင်စူးရှလွန်းတဲ့သူ၊ တစ်ကွက်ကြည့်ရုံနဲ့ သရုပ်ဆောင်မှုရဲ့လိုအပ်ချက် အပြစ်အနာအဆာတွေကိုပါ အသေးစိတ် မြင်သွားလောက်တယ်။
YOU ARE READING
Butterfly Blade [蝴蝶刀] • COMPLETED •
Fanfiction- နည်းမျိုးစုံ သုံးပြီးတဲ့ နောက်မှာတော့ ငါ့ boyfriend အဖေရဲ့ အိပ်ရာပေါ်ကို တက်ခွင့်ရသွားတယ် - ⚠️ Hong Kong Story, Age Swap, Huge age gap, BJYX, Yizhan. The story about versatile fleshy unpredictable dangerous man. Grand Slam actor x Scheming little...