46

8K 982 14
                                    

အပိုင်း ၄၆။ တီဗီရှိုး

တီဗီရှိုး ရိုက်ကူးရေးလုပ်တဲ့နေ့မှာတော့ ရှောင်းကျန့်ကို မြင်ခွင့်ရဖို့ ဖန်တွေက တကူးတက လက်မှတ်တွေဝယ်ပြီး လာကြတယ်။

လတ်တလောမှာ ရှောင်းကျန့်က hot အဖြစ်ဆုံး အနုပညာရှင် ဖြစ်နေတာ၊ သူ့မျက်နှာမြင်ခွင့်ရဖို့က တဖြည်းဖြည်းနဲ့ ခက်ခဲလာတာမို့ မှောင်ခိုရောင်းတဲ့ လက်မှတ်ဈေးတွေကလဲ မိုးထိုးကုန်တယ်၊ ဒီလို ဈေးကြီးနေတာတောင် တွေ့ဖို့အခွင့်အရေးနဲ့ လွဲချော်သွားမှာစိုးလို့ ဖန်တွေမှာ အံကြိတ်ပြီး ရတဲ့ဆီက ဝယ်ရတယ်။

ရှောင်းကျန့် နားနေခန်းမှာ မိတ်ကပ်ပြင်နေတုန်း မတွေ့တာကြာတဲ့ ချန်ရွှမ်နဲ့ ပြန်တွေ့တယ်။

သူတို့နှစ်ယောက်တွေ့ခဲ့ရတာက ရုပ်ရှင်ပွဲတော် အတူသွားခဲ့တုန်းက နောက်ဆုံးပဲ၊ အဲဒီတုန်းကထက်စာရင် နှစ်ယောက်လုံးရဲ့အခြေအနေက တိုးတက်မှုတွေ ရှိလာပြီလို့ ပြောလို့ရတယ်။

ချန်ရွှမ်က ရှောင်းကျန့်လောက် လျှမ်းလျှမ်းမတောက်ဘူးဆိုရင်တောင် traffic တစ်ယောက်နီးပါး အောင်မြင်မှု ရနေတဲ့ အနုပညာရှင်ပဲ၊ ရုပ်ရှင်ကားတွေလဲ အများကြီးရိုက်ရပြီး၊ ရည်းစားလဲ ရနေပြီ၊ ဒါကြောင့် အခုလက်ရှိက အတော်အသင့် ပြည့်စုံနေပြီလို့ ပြောလို့ရတယ်။

ချန်ရွှမ်က လိုလိုလားလားပဲ မိတ်ကပ်လိမ်းခံနေတဲ့ ရှောင်းကျန့်နား လာထိုင်ပြီး စကားစမြည် လာပြောတယ်၊ ရှောင်းကျန့် အမြင်မှာတော့ ချန်ရွှမ်က အရင်တုန်းကထက်တောင် နှုတ်စလျှာစ ပိုကောင်းပြီး လူရည်လည် လာသလိုပဲ၊ သူကချည်း ဦးဆောင်ပြောနေတာ။

ဒီနယ်ပယ်မှာ သရုပ်ဆောင် ဝါသနာပါလွန်းလို့ လုပ်နေတဲ့လူဆိုတာ ရှားတယ်၊ ပိုက်ဆံရှာချင်တာက အဓိကလေ၊ ဒါကြောင့် အများစုသော သရုပ်ဆောင်တွေက ရုပ်ရှင်ရိုက်တာအပြင် တခြားအလုပ်တွေကိုပါ တွဲလုပ်လာကြတာ၊ စတိုင်လစ်တွေ ပြန်ထွက်သွားတော့ အခန်းထဲမှာ ချန်ရွှမ်နဲ့ ရှောင်းကျန့်ပဲ ကျန်ခဲ့တယ်၊ တံခါးပိတ်သွားတာနဲ့ ချန်ရွှမ်က ရှောင်းကျန့်နားကပ်ထိုင်ပြီး ခပ်တိုးတိုး မေးတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now