25

10.6K 1.1K 45
                                    

အပိုင်း ၂၅။ little Sean

၃ လ ကြာပြီးတဲ့နောက်တော့ ရှောင်းကျန့်ရဲ့ဒရာမာ ရိုက်ကူးရေးက ချောချောမွေ့မွေ့ပဲ ပြီးစီးသွားတယ်။

ရုပ်ရှင်ပွဲတော်တက်ပြီး ပြန်လာကတည်းက ရှောင်းကျန့်နာမည်က ကြေးမြင့်တဲ့ကြော်ငြာတွေနဲ့ နာမည်ကြီး မဂ္ဂဇင်းတွေမျက်နှာဖုံးတွေမှာ နေရာယူလာတယ်၊ ရှောင်းကျန့်ရဲ့လက်ရှိအခြေအနေက တော်တော်လေး ကောင်းမွန်နေတယ်၊ ရုပ်ချောတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တယ်၊ စိတ်ထားလဲကောင်းတယ်၊ ဖျော်ဖြေရေး နယ်ပယ်မှာ သူ့ကိုသဘောမကျတဲ့လူဆိုတာ မရှိသလောက်ပဲ။

အသရေဖျက် ပုတ်ခတ်ချင်တဲ့သတင်း အနည်းငယ်ရှိပေမဲ့၊ ပြောပလောက်အောင် မဟုတ်ဘူး။

အရာရာက အဆင်ပြေချောမွေ့နေပြန်တော့ လူတွေက ရှောင်းကျန့်အနောက်မှာ အကောင်ကြီးကြီးတစ်ယောက် ရှိနေတယ်လို့ မြင်လာတယ်၊ ဒါပေမဲ့ ဘယ်သူမှန်း မသိကြဘူး၊ နောက်ကလိုက်ပြီး ဖော်ထုတ်ချင်နေတဲ့ ပါပါရာဇီတွေဆီကိုတော့ ရှေ့နေကနေတဆင့် သတိပေးစာတွေ ရောက်လာတတ်တယ်၊ ဒီလိုနဲ့ တက်သစ်စ မင်းသားငယ်ရဲ့ပေါ်ပြူလာဖြစ်မှုက အနှောင့်အယှက်မရှိပဲ အပေါ်ကို အညွန့်တလူလူတက်နေခဲ့တယ်။

၆ လ အကြာ ဧပြီလရဲ့ရက်တစ်ရက်မှာတော့ ပြသနာတွေစလာမဲ့အချိန်ကို ရောက်လာခဲ့တယ်။

အဲလစ် ရှောင်းကျန့်နဲ့ စာချုပ်,ချုပ်ခဲ့တဲ့ အဓိကအကြောင်းအရင်းက ရုပ်တအားလှလို့ပဲ၊ သူက ရှောင်းကျန့်ကို အားသိပ်မစိုက်ရဘဲ ပိုက်ဆံမြန်မြန်ရတဲ့ တီဗီရှိုးတွေမှာ ထည့်သုံးလို့ရတဲ့ ငယ်ရွယ်တဲ့ စတားတစ်ယောက်လို ခဏတဖြုတ် သုံးချင်ခဲ့တာ။

ရှောင်းကျန့်က သူမျှော်မှန်းထားတာထက် အများကြီးပိုတော်နေခဲ့တယ်၊ အဲလစ်သွားစေချင်တဲ့ တီဗီရှိုးတွေကို ပယ်ချပြီး ရုပ်ရှင်အတွက် လူရွေးချယ်ပွဲကို ကိုယ်တိုင်သွားတယ်၊ အဲ့ဒီရုပ်ရှင်နဲ့ပဲ ဆုရခါနီးအထိ ဖြစ်သွားခဲ့တယ်၊ ရှောင်းကျန့် ဒီလောက်ထိ အောင်မြင်လာမယ်လို့ အဲလစ် မထင်ထားခဲ့ဘူး။

ရှောင်းကျန့်နဲ့အဲလစ် ချုပ်ထားတဲ့ နှစ်နှစ်စာချုပ်က ဒီရက်ပိုင်းအတွင်း ကုန်တော့မှာမို့ အဲလစ်က ရှောင်းကျန့်ကို မနက်စောစော ရုံးကိုလာပြီး စကားကြပြောဖို့ ခေါ်ထားလိုက်တယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now