44

8.6K 1.1K 52
                                    

အပိုင်း ၄၄။ ရင်ငွေ့ခြုံလုံစေခြင်း

ရှောင်းကျန့်က Leo နဲ့ Studio တစ်ခုတည်းအောက်မှာ ရှိနေတာမို့၊ ကိုယ့်ခွန်ကိုယ့်အားနဲ့ သရုပ်ဆောင်ပြီး အကောင်းဆုံး မင်းသားဆု ရထားလဲ၊ နောက်တံခါးကနေဝင်ပြီး Leo, အရိပ်အောက်ခိုတယ်၊ စိုင်ကော်လို့ ချုံပေါ် ရောက်တယ် မြင်ကြတာပဲ၊ ဒီလိုအခြေအနေမျိုးမှာ သို့လော၊ သို့လော ထင်မြင်ချက်တွေ အပေးခံရတာက ဘာမှမထူးခြားတဲ့ ကိစ္စပါ။

တစ်ပတ်လောက်နေတော့ ကီကီက ရှောင်းကျန့်ကို ကမ်းလှမ်းလာတဲ့အလုပ်တွေ ထပ်ယူလာပေးတယ်၊ ရှောင်းကျန့်က တစ်ခုချင်းသေချာဖတ်ပြီး တော်တော်များများကို ပယ်ချလိုက်တော့ နောက်ဆုံး သူ့လက်ထဲမှာ ကျန်တာက လတ်တလော နာမည်ကြီးနေတဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ ရုပ်ရှင်နဲ့ MV တစ်ခုပဲ၊ ရှောင်းကျန့်က ဒါတွေယူပြီး Leo, ဆီသွားမေးတယ်။

Leo က ရှောင်းကျန့်ကို နားမလည်သလို ကြည့်လာပြီး။

"မင်းက MV ရိုက်ရတာ ကြိုက်တာလား"

"မဟုတ်ဘူး.. ဒီအဆိုတော်ကို ကြိုက်လို့"

ရှောင်းကျန့်က အမှန်တိုင်းပဲ ပြောတယ်။

"ကျွန်တော် ငယ်ငယ်လေးတည်းက သူ့သီချင်းတွေ နားထောင်လာတာ.. ဒီလို အိုင်ဒေါနဲ့ အလုပ်အတူ လုပ်ခွင့်ရတာက ရှားတယ်လေ.. ဒါကြောင့် လက်မလွှတ်လိုက်ချင်လို့"

Leo က ရယ်လိုက်ပြီး သိပ်မလိုလားတဲ့ လေသံနဲ့ တုံ့ပြန်တယ်။

"ပြောတော့ မင်းရဲ့အိုင်ဒေါက ကိုယ်ဆို"

ရှောင်းကျန့်က Leo, ကို ချက်ချင်းဖက်လိုက်ပြီး ကလေးလိုချွဲတယ်။

"ဒါပေါ့..ဒါပေါ့.. Leo က ကျွန်တော့်ရဲ့ ပြိုင်ဖက်မရှိတဲ့ No. 1 အိုင်ဒေါပါ.. ဒီအဆိုတော်ကိုတော့ ကျွန်တော်က သာမန်အဆိုတော်တွေထက် နည်းနည်းပိုကြိုက်လို့ပါ.. Leo, ကို သူများနဲ့ယှဉ်တာ မဟုတ်ပါဘူး.. စိတ်မဆိုးပါနဲ့ ..နော်"

Leo က ရှောင်းကျန့်ရဲ့ဆံပင်ပျော့လေးတွေကို ပွတ်သပ်ပေးရင်း နားထောင်နေတယ်၊ ပြီးတော့ သူ့ကလေးရဲ့ နှာတံချွန်ချွန်လေးကို အသည်းယားသလို ညှစ်လိုက်ပြီး အလိုလိုက်ပေးချင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတော့တယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now