43

8.6K 1K 13
                                    

အပိုင်း ၄၃။ အမှတ်မထင်

Leo, မိဘတွေက ဟောင်ကောင်ရဲ့ အကျော်ကြားဆုံးနဲ့ အချမ်းသာဆုံး လူကုံတန်တွေ နေကြတယ်ဆိုတဲ့ အပိုင်းမှာ နေကြတာ။

ဒီနေရာက Leo နေတဲ့ Barker လမ်းနဲ့တောင် မတူဘူး၊ သိုသိုသိပ်သိပ် ဆိုတဲ့စကားက ဒီနေရာနဲ့ လားလားမျှ မဆိုင်ဘူး၊ အဆောင်အယောင်တိုင်းက ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ဝင့်ကြွားခမ်းနားပြီး၊ ဟောင်ကောင်ရဲ့ မြင့်မားတဲ့ အနုပညာစံနှုန်းကိုပါ ကိုယ်စားပြုပေးနိုင်တယ်။

သေချာထိန်းသိမ်းထားတဲ့ ဝန်းခြံကျယ်ကြီးမှာ ပန်းတွေက မွှေးကြူနေအောင် ပွင့်နေကြတယ်၊ ဒီလိုနေရာမှာနေနိုင်ဖို့ကို သာမန်လူတွေ စိတ်ကူးယဉ်ဖို့ မပြောနဲ့၊ ဒီလိုနေနိုင်တဲ့ ဘဝမျိုးတွေလဲ ရှိနေပါလားဆိုပြီးတောင် သိလောက်မယ် မထင်ဘူး။

Leo က ကားကို ခြံထဲထိမောင်းဝင်သွားပြီး ရှောင်းကျန့်ကို အိမ်ထဲခေါ်သွားတယ်၊ Leo, မိဘတွေက သူတို့ လာမှာ ကြိုသိထားပြီးသား ဖြစ်လောက်တယ်၊ သူတို့ရဲ့သားက ကောင်လေးတစ်ယောက် အိမ်ခေါ်လာမှာကို ဧည့်ခန်းမမှာ အခါးရည်ထိုင်သောက်ရင်း စိတ်ရှည်ရှည်နဲ့ စောင့်နေကြတယ်။

အိမ်ထဲ ရောက်သွားတာနဲ့ Leo, မိဘတွေက ပြုံးပြုံးရွှင်ရွှင်ထရပ်ပြီး ရှောင်းကျန့်နဲ့ ရင်ချင်းအပ် ပါးချင်းကပ်ကာ နှုတ်ဆက် လာတယ်၊ ဒီလိုနှုတ်ဆက်တဲ့ပုံစံက ရှောင်းကျန့်အတွက် စိမ်းတာမို့၊ လူက နည်းနည်းတော့ ရှိုးတိုးရှန့်တန့် ဖြစ်သွားတယ်။

လူကြီးနှစ်ယောက်လုံးက ရှောင်းကျန့်အပေါ် ဧည့်ဝတ် ကျေချင်ကြမှန်းသိသာပါတယ်၊ ကြည့်ရတာ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို Leo ပြောထားပြီးသားနေမယ်၊ သားဖြစ်သူမျက်နှာနဲ့ ရှောင်းကျန့်ကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတယ်။

Leo, မိဘနှစ်ပါးလုံးက နာမည်ကြီးတွေပါ၊ သူ့အဖေဆို CCTV ရဲ့ စီးပွားရေးချန်နယ်ကနေတောင် မကြာမကြာ ဖိတ်နေကျ စီးပွားရေးပညာရှင်၊ သူ့အမေကတော့ မျိုးရိုးစဉ်ဆက်က နာမည်ကြီး အနုပညာရှင်တွေထွက်တဲ့ အိမ်တော်က တစ်ဦးတည်းသောသမီး။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now