END

18.3K 1.5K 143
                                    

Extra: End

Leo ဖုန်းကိုင်နေမှန်း သိတာမို့ ရှောင်းကျန့်က တမင် မက်ဆေ့ပို့ပြီး မေးတယ်။

//ယောက္ခမတွေနဲ့ ထမင်းစားနေတာကို ဘာလို့ အာရုံမစိုက်တာလဲ//

Leo က အသံမက်ဆေ့နဲ့ ချက်ချင်း စာပြန်လာတော့ ရှောင်းကျန့် ပြုံးမိသွားတယ်။

"အာရုံသေချာစိုက်တာပေါ့.. ဒါပေမဲ့ ကိုယ့်ကို မန်းရှင်းလိုက်တဲ့လူက ကျေးဇူးရှင်လေးမှန်း သိနေတော့လဲ.. ချက်ချင်း ဖွင့်ဖတ်ရတော့တာ"

Leo က ရွှတ်နောက်နောက်နဲ့ နောက်ထပ် အသံမက်ဆေ့ တစ်စောင်ထပ်ပို့တယ်။

"မဟုတ်ရင် အဝတ်လျှော်ပြားပေါ်မှာ ဒူးထောက်နေရမှာ စိုးရတယ်.. ကိုယ်က သနားစရာကောင်းလိုက်တာ"

Leo က သူ့ကို စနေတာ၊ ဒါပေမဲ့ Leo အဲလိုလေသံနဲ့ ပြောတာကို အရင်က မကြားဖူးတာမို့ ရှောင်းကျန့် မျက်လုံး ပြူးသွားတယ်။

သိပ်မကြာဘူး၊ ရှောင်းမားဆီက ဗီဒီယိုဖုန်းကော ဝင်လာတယ်။

"သားလေး.. မင်းဘာလို့ Leo, ကို အဝတ်လျှော်ပြားပေါ်မှာ ဒူးထောက်ခိုင်းတာလဲ.. မင်းနှိပ်စက်လှချေလား"

ရှောင်းကျန့်မှာ မတရားစွပ်စွဲ ခံလိုက်ရတာမို့ မခံမရပ်နိုင် ဖြစ်သွားပြီး။

"Leo မဟုတ်တာတွေ လျှောက်မပြောနဲ့.. ကျွန်တော် ခင်ဗျားကို ဘယ်တုန်းက အဝတ်လျှော်ပြားပေါ်မှာ ဒူးထောက်ခိုင်းဖူးလို့လဲ"

Leo က လက်ပိုက်ထားရင်း အသံထွက် ရယ်နေတယ်၊ ရှောင်းပါးနဲ့မားကလဲ သူတို့သားကို စနောက်ရလို့ ပြုံးစိစိ ဖြစ်နေကြတယ်၊ မိသားစုထမင်းဝိုင်းလေးက လူစုံသွားတော့ နွေးနွေးထွေးထွေးနဲ့ ပိုပြီးပျော်စရာ ကောင်းသွားခဲ့တယ်။

ရှောင်းကျန့်က Leo တို့ ထမင်းစားတာကို မနှောင့်ယှက်ချင်ဘူး၊ ခဏလောက်ပဲ ထပ်ပြောပြီးတာနဲ့ ဖုန်းချတယ်၊ ပြီးတာနဲ့ ကားဒါရိုက်ဘာကို တိလေးတွေရောင်းတဲ့ pet ဈေးကို မောင်းဖို့ပြောလိုက်တယ်၊ ရှောင်းကျန့် ကြောင်ချစ်တာကို အိန်ဂျယ်လဲ သိတယ်၊ အခုတော့ သူ့ကောက မွေးထားဖို့ပါ ဆုံးဖြတ်လိုက်တာထင်တယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now