11

12.4K 1.2K 38
                                    

အပိုင်း ၁၁။ ဆက်ရန်?

ဒီကလေး ဘာပြောချင်နေလဲဆိုတာ Leo ကောင်းကောင်းသိတယ်၊ နှုတ်ဆက်ရမှာကို တတ်နိုင်သမျှ အချိန်ဆွဲဖို့ လုပ်ချင်နေတာ၊ အဲ့ဒါက အဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုပဲ၊ ဒါကြောင့် နှစ်ယောက်လုံး ဘာစကားမှ မဆိုမိဘဲ တိတ်ဆိတ်သွားတယ်။

ပြန်လာတဲ့လမ်းမှာ ဟိုတယ်ရဲ့စားသောက်ဆိုင်ကနေ နာနတ်သီးထမင်းကြော်နဲ့ ဝိုင်တစ်ပုလင်း ကြိုမှာထားလိုက်တယ်၊ ရှောင်းကျန့်က ဒီဟာတွေအတွက် ဘေကို ရှင်းဖို့လုပ်တယ်၊ ဒါပေမဲ့ မန်နေဂျာက တားမြစ်လာတယ်။

"Leo က ဒီဟိုတယ်က VIP ပါ.. ရှယ်ယာရှင်တစ်ယောက်လဲ ဟုတ်တယ်.. ဒါကြောင့် ရှင်းစရာ မလိုပါဘူး ခင်မျာ"

ရှောင်းကျန့် အံ့အားသင့်ကာ ပါးစပ်ကလေး ဟသွားပြီး Leo, ကို လှည့်ပြောလိုက်တယ်။

"Leo ခင်ဗျားကို သရုပ်ဆောင်တော်တယ်ပဲ ထင်ထားတာ.. ရှယ်ယာလိုက်ထည့်တဲ့ နေရာမှာလဲ တော်တာပဲနော်.. နေရာတကာ ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေချည်းပဲ"

အဲ့လိုပြောလိုက်တော့ သူ့ပိုက်ဆံတွေ ဘဏ်ထဲမှာ မှိုတက်နေတာမျိုး မကြိုက်လို့ဆိုပြီး Leo က ထောင်လွှားမှုမရှိတဲ့ လေသံနဲ့ ခပ်အေးအေး ပြန်ပြောလာတယ်။

ဓာတ်လှေကားပေါ်ရောက်တော့ Leo က ရှောင်းကျန့်အခန်းရှိတဲ့အလွှာကို အရင်နှိပ်လိုက်ပြီး။

"Good Night အိပ်မက်လှလှ မက်ပါစေ"

ရှောင်းကျန့်က တစ်ခုခုပြောဖို့ ပါးစပ်ဟရုံရှိသေးတယ်၊ Leo က သူ့အခန်းရှိတဲ့အထပ်ကိုပါ နှိပ်လိုက်ပြီမို့ ပြောမထွက်ဘဲ လက်လျှော့လိုက်ရတယ်၊ သူ့အထပ်ကိုရောက်တော့ ရှောင်းကျန့်က ပြုံးပြုံးလေးနဲ့ ဓာတ်လှေကား အပြင်ကို ထွက်သွားပြီး Leo ကို လက်ပြနှုတ်ဆက်တယ်။

"ဒီနေ့အရမ်းပျော်ခဲ့ပါတယ်.. မနက်ဖြန် လမ်းအတူထလျှောက်ရအောင်.. နောက်မကျကြေးနော်"

"ကောင်းပြီ"

Leo က အမြဲတမ်း ဟောင်ကောင်သား လူကြီးလူကောင်း တစ်ယောက်လိုပဲ ပြုမူတယ်၊ ဒါကြောင့် နူးညံ့စွာ ပြုံးနေရင်း ပြန်ပြောတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now