19

11.6K 1.1K 57
                                    

အပိုင်း ၁၉။ ထိပ်တိုက်တွေ့ခြင်း

ရှောင်းကျန့် အဲလစ်နဲ့ လမ်းမခွဲဖြစ်ခဲ့ဘူး။

နောက်နေ့ မျက်လုံးဖွင့်လာတော့ အိပ်ရာထဲကျန်နေခဲ့တာ သူတစ်ယောက်တည်းပဲ၊ Leo ကတော့ အရိပ်တောင် မတွေ့ရတော့ဘူး။

Leo ဒီလိုမျိုး တိတ်တိတ်လေး ခြေရာဖျောက်သွားတတ်တာက ရှောင်းကျန့်အတွက် အကျင့်လိုတောင် ဖြစ်သွားပြီ၊ အိန်ဂျယ် ရောက်လာတော့ စင်ပေါ်မှာ စကားတက်ပြောတော့မဲ့လူလို တက်ကြွနေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရတယ်၊ အိန်ဂျယ်က ရှောင်းကျန့်ကို နားမလည်နိုင်သလို ကြည့်နေရင်း။

"ကော.. မနေ့က တစ်ယောက်ယောက်နဲ့ တွေ့လာလို့လား"

ရှောင်းကျန့်မျက်နှာ ရဲသွားတယ်။

"ဟမ်.. ဘာလို့လဲ"

"ကော..ကြည့်ရတာ ပျော်နေလို့လေ.. ဘာကြောင့်လဲ မပြောတတ်ပေမဲ့ ကောပုံစံက ရုပ်ရှင်ပွဲတော်က ပြန်လာတုန်းကနဲ့ မတူတော့ဘူး.. မျက်နှာက ပြုံးရွှင်နေတယ်.. ရည်းစားရနေတဲ့လူလိုပဲ"

ရည်းစားရနေတာလား?

ရှောင်းကျန့် ရှက်အမ်းအမ်းနဲ့ ရယ်လိုက်ပြီး။

"ဟုတ်ချင်လဲ ဟုတ်မှာပေါ့"

Leo နဲ့အတူရှိရတဲ့အချိန်က ရည်းစားထားရတာထက်တောင် ပိုပြီးချိုမြိန်သေးတယ်၊ Leo, နာမည်မှာသာ copy right ရှိမနေရင်၊ သူတို့နှစ်ယောက်ရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းလေးကို စာအုပ်တောင် ရေးထားချင်တာ။

"ဒီနေ့ဘာအလုပ်တွေရှိတာလဲ"

အိန်ဂျယ်က သူ့ရဲ့မှတ်စုစာအုပ်လေးထုတ်ပြီး တစ်ခုပြီးတစ်ခု ဖတ်ပြတယ်၊ ရှောင်းကျန့် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်တယ်၊ ပြီးသွားတော့ ရေချိုးခန်းဝင်တယ်၊ ပူနွေးပြင်းထန်တဲ့ အချစ်ညကို ဖြတ်သန်းခဲ့ရပေမဲ့ အကာအကွယ် ဝတ်ဖို့ မမေ့တဲ့အတွက် Leo, ကို ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် သန့်ရှင်းရေးလုပ်ဖို့ အချိန်ပိုကုန်နေဦးမှာ။

အောက်ကိုဆင်းလာတော့ ကားကရောက်နေပြီ၊ ရှောင်းကျန့်ကားထဲဝင်လိုက်တော့ အထဲမှာအဆင်သင့် ထိုင်နေတဲ့ အဲလစ်ကို တွေ့လိုက်ရတာပဲ၊ အဲလစ်မျက်နှာကြီးက မူမမှန်စွာ ပြုံးရွှင်နေတယ်၊ ကြည့်ရတာ အရမ်းပျော်နေတဲ့ပုံ။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now