58

10.2K 993 25
                                    

Extra: 2

ရှောင်းကျန့်က လှည့်ပတ်ပြီး မေးလို့မရတဲ့လူမှန်း သိသွားတော့ အယ်ဒီတာချုပ်က လိုချင်တာကိုပဲ တန်းပြောတော့တယ်။

"အပြင်မှာ ရှောင်းလောင်ရှီးတို့ နှစ်ယောက်ကြားက သီးသန့်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောလဟလတွေ အများကြီး ထွက်တယ်ဆိုတာကို ရှောင်းလောင်ရှီးလဲ သိလောက်မယ်ထင်တယ်.. အဲဒီအကြောင်းကို နည်းနည်း ပြောပြပေးလို့ ရမလား"

သူတို့ဘက်ကတောင် အားမနာဘဲ အကဲဆတ်ဆုံး ခေါင်းစဉ်ကို ဆွဲထုတ်လိုက်ပြီမို့ ရှောင်းကျန့်ဘက်ကလဲ ရွှေပျောက်သလို လုပ်နေရုံကလွဲပြီး တခြားမရှိတော့ဘူးပေါ့။

"အမ်..ဘာကို?"

"အဲဒါ..က"

သလင်းလို သန့်စင်ကြည်လင်နေတဲ့ ရှောင်းကျန့်ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်မိသွားတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ အယ်ဒီတာချုပ်က သူ့မေးခွန်းကိုသူ သံသယဝင်လာတယ်၊ ဒါကြောင့် စကားကို ချက်ချင်းပဲ ပြန်ရုတ်သိမ်းလိုက်တယ်။

"ဘာမှ မဟုတ်တော့ပါဘူး.. ဒီအကြောင်း မပြောလဲ ရတယ်"

တစ်ခေတ်တစ်ခါတုန်းကလဲ ဒီမဂ္ဂဇင်းကနေ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ သရုပ်ဆောင် Leo ကို သူနဲ့ မလင်ဒါရဲ့ ပတ်သက်မှုအကြောင်းကို မေးခဲ့ဖူးတယ်၊ ဒါပေမဲ့ Leo က မျက်နှာတစ်ချက် ပြောင်းမသွားဘူး၊ ဖုံးဖို့ မလုပ်သလို၊ စကားလမ်းကြောင်းလဲ မလွှဲဘူး၊ ပေါ့ပေါ့ပါးပါးပုံစံနဲ့ ဆိုဖာမှာမှီထိုင်နေရင်း ခပ်ပြုံးပြုံး လုပ်နေခဲ့တယ်။

ဒီလိုမျိုးပုံစံနဲ့ မေးခွန်းထုတ်တဲ့လူကို သူ့အရှိန်အဝါနဲ့ ပြန်ဖိထားပြီး မဖြေချင်တဲ့ ခေါင်းစဉ်အောက်ကနေ သက်တောင့်သက်သာ ရှောင်ထွက်သွားတယ်။

စစချင်းတုန်းကတော့ ထင်ယောင်ထင်မှား ဖြစ်တာလို့ အယ်ဒီတာချုပ်က ထင်ခဲ့တာ၊ ဒါပေမဲ့ အခုချိန် အခိုက်အတန့်လေးမှာတော့ အရင်တုန်းက Leo မှာရှိခဲ့တဲ့အရှိန်အဝါမျိုးကို ရှောင်းကျန့်ဆိုတဲ့ လူငယ်လေးဆီမှာ ပြန်ရှာတွေ့သွားတယ်။

သူတို့က ကိုယ်တိုင် ဘာမှလုပ်စရာ မလိုဘူး၊ စကားလမ်းကြောင်းလဲ လွှဲဖို့မလိုဘူး၊ သက်တောင့်သက်သာ အနေအထားမှာပဲ တစ်ဖက်လူကို ဆက်မပြောဘဲ လက်လျှော့သွားအောင် ပိတ်ပင်နိုင်စွမ်း ရှိကြတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now