10

13.3K 1.3K 75
                                    

အပိုင်း ၁၀။ ကမ်းခြေည

ဟောင်ကောင်မီဒီယာတွေက ထုတ်မပြဖူးတဲ့ အကြောင်းအရာတစ်ခုကို Leo နှုတ်က စိတ်လိုလက်ရ ပြောပြလာတာကို ရှောင်းကျန့် ပထမဆုံး ကြားဖူးတာပဲ၊ ဒီလိုနားထောင်ရတာက ဆန်းသစ်ပြီး၊ စိတ်ဝင်စားစရာ ပိုကောင်းတယ်။

ရှောင်းကျန့်က ခေါင်းငုံ့ပြီး ခေါက်ဆွဲတစ်လုပ် စားလိုက်တယ်၊ မှာစားတဲ့ဧည့်သည့်က တရုတ်ဖြစ်တိုင်းတော့ တောင်အမေရိကမှာ ဖွင့်ထားတဲ့ တရုတ်ဆိုင်က အစားအစာကို သီးသန့်ပြင်ပေးမှာ မဟုတ်ဘူး၊ အခု စီချွမ်ခေါက်ဆွဲကလဲ တရုတ်စစ်စစ်တွေ ကြိုက်ကြတဲ့အရသာမျိုး မဟုတ်ဘူး၊ နိုင်ငံခြားသားတွေ စားလို့ အဆင်ပြေအောင် အရသာကို ပြုပြင်ထားပေးတဲ့ပုံ၊ ဒါကြောင့် ရှောင်းကျန့်မှာ စားရတာ ဖီးငုပ်သွားတယ်။

Leo က ရယ်နေရင်း ရှောင်းကျန့်လက်ဖဝါးကို လှမ်းကိုင်လိုက်တယ်။

"မင်းကို လမ်းညွှန်ပေးဖို့ ကိုယ်အချက်နှစ်ခု ရှာတွေ့ထားတယ်.. ပထမတစ်ခုက ဘယ်နိုင်ငံပဲ ရောက်ရောက် သူတို့ရဲ့တရုတ်တန်းမှာ မုန့်ဝယ်မစားနဲ့.. နောက်တစ်ခုက ခရီးသွားရင် အရမ်းကြီးပျော်ရမယ်လို့ မျှော်လင့်ချက် မထားနဲ့.. အဆင်ပြေနေတယ်ဆိုတာက အကောင်းဆုံးအခြေအနေပဲ"

ရှောင်းကျန့်က Leo, မျက်နှာကို နားမလည်သလို ကြည့်နေရင်းကနေ မျက်တောင်တစ်ချက် ခတ်လိုက်တယ်။

"ဘာလို့ တရုတ်တန်းမှာ မုန့်မစားခိုင်းတာလဲ"

"မင်း ဒုတိယအချက်ကို မေးမယ်လို့ ကိုယ်ကထင်နေတာ"

Leo က ပြောနေရင်း ရှောင်းကျန့်လက်ဖမိုးကို ဆွဲယူပြီး နှုတ်ခမ်းတွေမှာ ဖိကပ်ကာ နမ်းလိုက်တယ်။

"အရသာစစ်စစ် မဟုတ်တာကို ဈေးကြီးကြီးပေးရတဲ့အခါ.. နှပ်ချခံရတယ်လို့ ခံစားရပြီး အိမ်ပြန်လမ်းမှာ စိတ်ထဲတနုံ့နုံ့ ဖြစ်နေလိမ့်မယ်.."

နေကျလာတဲ့ ညနေခင်းမှာတော့ Leo နဲ့ ရှောင်းကျန့် ဟိုတယ်နားက ကမ်းခြေမှာ လမ်းလျှောက်ထွက်လာတယ်၊ Leo က မိုးပြာရောင် ဟာဝိုင်အီရှပ်နဲ့ ချည်သားဘောင်းဘီအတိုကို ဝတ်ထားတယ်၊ ရှောင်းကျန့်ကတော့ ညဝတ်အင်္ကျီနဲ့ပဲ လိုက်လာတာ။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now