34

10.1K 1.1K 41
                                    

အပိုင်း ၃၄။ မျက်ရည်စများ

Leo က ကွမ်တုံစကားနဲ့ပြောလာတာဖြစ်ပေမဲ့ အံ့သြစရာ ကောင်းလောက်အောင်ပဲ ရှောင်းကျန့် ချက်ချင်း နားလည်သွားတယ်။

တစ်ကိုယ်လုံးက ရှိန်တိန်းဖိန်းတိန်းနဲ့ ပူနွေးလာသလို ခံစားလိုက်ရတယ်၊ ရှောင်းကျန့်က ရှက်သွားတာမို့ လက်ညိုးလေးနဲ့ နှာခေါင်းထိပ်လေးကို သွားပွတ်နေမိတယ်။

ဟောင်ကောင်ရဲ့night life ဆိုမှတော့ သူနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ဟောင်ကောင်စတိုင်နောက်ခံသီချင်းက ကားထဲမှာ ပျံလွင့်နေတယ်၊ နှစ်ယောက်သား ဟောင်ကောင်မြို့အနှံ့ ကားလျှောက်မောင်းကြတယ်၊ အစကတော့ စောစောပြန်ပြီး နားကြမလို့ဘဲ၊ ဒါပေမဲ့ တောက်ပတဲ့ လရောင်ဆီကနေ ဖမ်းစားခံလိုက်ရပြီး ဟောင်ကောင်ရဲ့ လမ်းတွေပေါ်မှာပဲ အရုဏ်တက်တဲ့အထိ အချိန်ဖြုန်းမိသွားခဲ့တယ်။

မနက်စောစော အလင်းလာချိန်မှာတော့ Leo က ရှောင်းကျန့်ကိုခေါ်ပြီး ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး သွားရည်စာမုန့်တွေ စားဖို့ခေါ်သွားတယ်၊ အများစုက အနောက်တိုင်းဆန်တယ်၊ အချိုကဲပြီး အရသာကြွယ်ဝတယ်၊ ရှောင်းကျန့်က ကားပေါ်မှာ ဟောင်ကောင်ရဲ့နာမည်ကြီးခေါက်ဆွဲ (cart noodle) စားနေရင်း တအံ့တသြ မှတ်ချက်ပေးတယ်။

"ဒီ ဟောင်ကောင်ခေါက်ဆွဲစစ်စစ်မှာ အမယ်တွေ ဒီလောက်စုံလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

Leo က စတီယာရင်ပေါ်မှာ မှီနေရင်း။

"ခေါက်ဆွဲမစစ်တာ ဘယ်မှာစားခဲ့ရလို့လဲ"

"စားဖူးတာပေါ့.. ပြည်မကြီးက ဘားတွေမှာ ဒါမျိုးတွေ အများဆုံးရောင်းတာပဲ.. ခေါက်ဆွဲသားက အသင့်စား ခေါက်ဆွဲကို ရေလုံပြုတ်ထားသလိုပဲ.. ပြီးရင် ဟင်းအနှစ် တစ်ဇွန်းထည့်မယ်.. အစာပလာ ပါတာကလဲ နည်းသေးတယ်.. ဘယ်ဆိုင်ပဲဖြစ်ဖြစ် ဒီလောက်စားမကောင်းဘူး"

ရှောင်းကျန့်က ခေါက်ဆွဲတစ်လုတ်စာလောက် ခက်ရင်းနဲ့ရစ်ပြီး Leo, ဘက်ကို လှမ်းခွံ့လိုက်တယ်။

"နည်းနည်းစားကြည့်ပါလား.. တအားစားကောင်းတယ်"

Leo ကလဲ မငြင်းဘူး၊ ခပ်ပြုံးပြုံးနဲ့ ခက်ရင်းနဲ့ပါလာတဲ့ ခေါက်ဆွဲတွေကို စားလိုက်တယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now